ထုံးစံအတိုင်းပဲ...။
ဒီနေ့လဲ နားချိန်ရတာနဲ့ကလေးဆီကို
ထွက်လာလိုက်သည်...။
ခေါက်ဆွဲဆိုင်လေးကိုမရောက်ခင်
လမ်းခုလတ်မှာရင်းနှီးနေတဲ့ပုံရိပ်လေးကို
လှမ်းမြင်လိုက်ရတယ်...။
လူသွားလမ်းပေါ်မှာ လက်မှာလဲအထုပ်တွေ
ကိုဆွဲလျက်သားနဲ့...ဟိုငေးသည်ငေး
လမ်းလျှောက်နေတယ်လေ...။
ယိုရှီ ပြုံးလိုက်ပြီးကားကိုကောင်လေးရဲ့ဘေး
ဘက်နားမှာကပ်ရပ်လိုက်သည်...။"ဟိခွန်း!..."
ကလေးကလှည့်ကြည့်လာတယ်...။
ကားပေါ်ကသူ့ကိုမြင်သွားတော့အံ့အောတဲ့
မျက်နှာပေါက်မျိုးဖြစ်သွားပြီးမှ ပုံမှန်လိုပဲ
မျက်နှာကအလိုမကျဘူးဖြစ်သွားပြန်
လေရဲ့...။"ဟိခွန်း...ဆိုင်ကိုသွားမှာမဟုတ်လား..
ကိုယ်လဲအဲဒီကိုသွားမလို့...လိုက်ခဲ့လေ...""မလိုက်တော့ပါဘူး...လမ်းပဲလျှောက်သွား
တော့မယ်...""ဆိုင်ရောက်ဖို့ကလိုသေးတယ်မလား..
ဟိခွန်းလမ်းလျှောက်ရတာညောင်းနေမှာ
ပေါ့...ကြုံလဲကြုံနေတာပဲကို...""လမ်းကြုံခေါ်တင်ရလောက်အောင်
ခင်ဗျားနဲ့မရင်းနှီးပါဘူး...မလိုက်တော့ဘူး.."အင်း...သူ့အမျိုးသားလေးကတော့ခေါင်းမာ
တဲ့အကျင့်ကတော့မပြောင်းဘူးကိုး...။"ဘာလို့လဲ...ကိုယ်ကလူဆိုးရုပ်ပေါက်
နေလို့လား...ကိုယ်ဘာမှမလုပ်ပါဘူးကွာ..
ရိုးရိုးတန်းတန်းခေါ်သွားပေးမှာပါ..."ဒီလူကသူမလိုက်မချင်းမရမက
ခေါ်နေမယ့်ပုံပေါ်တယ်...။
တကယ်တမ်းတော့ သူကသိပ်ပြီး
မရင်းနှီးတဲ့လူတစ်ယောက်ရဲ့ကားပေါ်
ကိုလိုက်မစီးချင်ရုံပါ...။
ဒါပေမယ့်...အရှေ့ကလူကတကယ့်ကို
သနားစရာကောင်းတဲ့မျက်နှာပေါက်
မျိုးနဲ့...။
သူမှလိုက်မစီးရင်သေပါတော့မယ်
ဆိုတဲ့ အကြည့်မျိုးနဲ့သူ့ကိုကြည့်နေလေ
တော့ နှလုံးသားလှတဲ့ အာဆာဟိ
တို့ကငြင်းဖို့လမ်းစတွေပျောက်ရောပဲ...။"အင်းလေ...လမ်းလျှောက်ပြန်ရင်လဲ
ညောင်းဦးမှာဆိုတော့ လိုက်ခဲ့မယ်..."သူလိုက်မယ်ပြောတော့အဲဒီလူက
သိသိသာသာကိုဝမ်းသာသွားတဲ့ပုံပင်...။
သူကားထဲကိုဝင်လိုက်တာနဲ့ လာဗင်ဒါ
ပန်းရနံ့သင်းသင်းလေးကိုရှုရှိုက်လိုက်
ရတယ်...။
ထိုရနံ့ကြောင့် သူ့စိတ်တွေပေါ့ပါးသွားသည်..။
မရင်းနှီးတဲ့သူတစ်ယောက်နဲ့ရှိနေရတယ်
ဆိုတဲ့ ကသိကအောက် ခံစားချက်မျိုးလဲ
ရှိမနေတော့ဘူး...။
သူ့စိတ်ထဲလုံးဝကိုရှင်းလင်းပြီးလန်းဆန်း
သွားတာ...။
သူတောင်သတိမထားမိဘဲ ပြုံးလိုက်မိ
တယ်...။
YOU ARE READING
BOOMERANG
Fanfictionပစ်လွှတ်လိုက်တဲ့ BOOMERANG တစ်ခုကကိုယ့်ဆီပြန်ရောက်လာသလိုပဲ...။ လက်လွှတ်လိုက်ရတဲ့မင်းကလဲ ကိုယ့်ဆီကို တစ်ဖန်ပြန်ရောက်လာခဲ့တယ်..။ ဒါပေမယ့်...အရင်လိုမဟုတ်တော့ဘူး...။ ပစ်လွှတ်လိုက်တဲ့ BOOMERANG တစ်ခုကကိုယ့်ဆီပြန်ရောက်လာသလိုပဲ...။ လက်လွှတ်လိုက်ရတဲ့မင်းကလဲ က...