နောက်ကျနေပြီ...။
ဟိုလူလာနေကျအချိန်ထက်ကိုတစ်နာရီ
လောက်နောက်ကျနေပြီ...။
ဒါပေမယ့်...မရောက်လာသေးဘူး...။
ဘာသဘောမျိုးနဲ့မှတော့မဟုတ်ပါဘူး...။
အမြဲအချိန်မှန်ပေါ်လာတတ်တဲ့လူက
မရောက်လာတော့ မျှော်မိရုံပါ...။
ဧည့်သည်တွေမှာထားတာကိုလိုက်ချ
ပေးတယ်....။
စားပွဲခုံတွေသုတ်တယ်...။
ဒါပေမယ့် အဲဒီအလုပ်တွေဆီကိုစိတ်မရောက်
ဘဲတံခါးဝကိုပဲမျှော်ပြီးကြည့်နေမိတယ်...။သူဘာလို့အဲဒီလူကိုဒီလောက်တောင်
မျှော်နေမိတာပါလိမ့်...။ဒါကိုမီးဖိုထဲက ဆာဟိ ရဲ့အမေက
ရိပ်မိသည်...။"အင်း...ဦးနှောက်ကမေ့နေပေမယ့်
နှလုံးသားကတော့ မမေ့နိုင်ဘူးကိုး..."ဒီလိုနဲ့ဆိုင်ကပိတ်တော့မယ်...။
သူတို့ဆိုင်ကမနက်ကနေ ညနေခြောက်
နာရီအထိပဲဖွင့်သည်...။
ကျန်တဲ့ညပိုင်းကိုတော့ အမေကအိမ်မှာ
လုပ်စရာရှိတာတွေကိုလုပ်တယ်....။
အချိန်ကတရွေ့ရွေ့နဲ့ကုန်သွားပြီး..
ဆိုင်သာပိတ်သွားတယ်..အဲဒီလူက
မရောက်လာဘူး...။°°°°°
သူတို့သားအမိအိမ်ပြန်ရောက်တော့
အမေကရေချိုးခန်းထဲဝင်သွားပြီး
ရေမိုးချိုးတယ်...။
သူကတော့ တစ်ကိုယ်ရေသန့်ရှင်းဖို့
စိတ်မပါတာမလို့ ဧည့်ခန်းကဆိုဖာမှာ
ဝင်ထိုင်ပြီးဖုန်းသုံးနေလိုက်သည်...။သူဂိမ်းဆော့နေတုန်းမှာ အမေကရေချိုး
တာပြီးစီးသွားပြီးမီးဖိုချောင်ထဲဝင်သွား
တာကိုသိလိုက်သည်...။"သားရေ...အမေတို့အိမ်မှာကြက်ဥ
ကုန်နေပြီ...ကြက်ဥလေးသွားဝယ်ပေး
ပါဦး...""ဟုတ်ကဲ့...အမေ.."
°°°°°
ဘာမှလဲမဆိုင်ဘဲနဲ့...
ကြက်ဥထုပ်လေးဆွဲပြီးအိမ်ပြန်လာတဲ့လမ်း
မှာဟိုလူကိုသတိရမိပြန်တယ်လေ...။
သူများဆိုင်ကိုရောက်နေလောက်မလား
ဆိုတဲ့မရေရာမသေချာတဲ့အတွေးလေး
တစ်ခုနဲ့သူဆိုင်ကိုဦးတည်လိုက်ပါသည်...။
ဆိုင်ကိုရောက်တော့ ဘာမှမထူးခြား
ပါဘူး..။
တံခါးတွေအကုန်ပိတ်ထားပြီး
အပြင်ဘက်ကမီးလုံးလေးသာဖွင့်
ထားတဲ့ဆိုင်ရယ် လမ်းသွားလမ်းလာ
တစ်ချို့ရယ်....ဒါပါပဲ...။
သူမျှော်လင့်နေတဲ့သူတော့မရှိနေဘူး..။
YOU ARE READING
BOOMERANG
Fanfictionပစ်လွှတ်လိုက်တဲ့ BOOMERANG တစ်ခုကကိုယ့်ဆီပြန်ရောက်လာသလိုပဲ...။ လက်လွှတ်လိုက်ရတဲ့မင်းကလဲ ကိုယ့်ဆီကို တစ်ဖန်ပြန်ရောက်လာခဲ့တယ်..။ ဒါပေမယ့်...အရင်လိုမဟုတ်တော့ဘူး...။ ပစ်လွှတ်လိုက်တဲ့ BOOMERANG တစ်ခုကကိုယ့်ဆီပြန်ရောက်လာသလိုပဲ...။ လက်လွှတ်လိုက်ရတဲ့မင်းကလဲ က...