အလုပ်တွေအားလပ်ရက်ရတုန်းဂျယ်ဂျူ
ကိုအပျော်ခရီးထွက်လာတာဖြစ်သည်...။
ယိုရှီနိုရီကတော့ အဲဒီလိုပဲသိထားလိမ့်မယ်..။
တကယ်တမ်း သူကတခြားအကြံအဥာဏ်
နဲ့ယိုရှီနိုရီကိုဒီကိုရအောင်ခေါ်လာတာပင်..။
နောက်လိုက်တွေတစ်ယောက်မှမပါဘဲ
နှစ်ယောက်တည်းလေ...။ကားကိုခပ်လှမ်းလှမ်းမှာရပ်ထားခဲ့ပြီး
နှစ်ယောက်သားက ဂျယ်ဂျူရဲ့လူရှင်းတဲ့
ကားလမ်းမဘေးကလူသွားလမ်းလေးပေါ်
မှာလက်ချင်းတွဲလျက် ညဘက်လေညှင်း
ကိုလဲခံစားရင်း လမ်းလျှောက်နေကြတယ်..။
လူသူဝေးတဲ့ဒီနေရာကိုလဲ သူ့အကြံပေးချက်
အရ နှစ်ယောက်သားရောက်လာခဲ့ကြတာ..။"ကလေး...မနက်ဖြန်က ကိုယ်တို့ရဲ့
မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်နော်...""အင်း.."
"မနက်ဖြန် ကလေးဘယ်သွားချင်လဲ...
ဘာလုပ်ချင်လဲ ကိုယ်အကုန်ဖြည့်ဆည်း
ပေးမယ်..."မနက်ဖြန်ဆိုတာ ခင်ဗျားဘဝမှာမရှိတော့
ပါဘူး...ယိုရှီနိုရီရယ်...။
နွေးထွေးတဲ့အပြုံးနဲ့သူဘာဖြစ်ချင်သလဲဆိုတာ
ကိုမေးနေသော ယိုရှီနိုရီကတော့
သူ့စိတ်ထဲကစကားတွေကိုကြားမည်
မဟုတ်...။"အင်း...ဘာမှတော့ထွေထွေထူးထူး
မရှိပါဘူး...ဂျယ်ဂျူမှာဟိုဟိုဒီဒီလျှောက်လည်
ပြီးပြန်ကြတာပေါ့...""အင်း...ကလေးသဘောပါ..တကယ်တမ်း
တော့ကိုယ်ကကြီးကြီးမားမားကျန်ရစ်
နေမယ့်အမှတ်တရတစ်ခုခုလုပ်ပေးချင်
တာ...ဒါပေမယ့် ကလေးကစီစဉ်ထားပြီး
သားရှိရင်လဲ ကလေးသဘောပါပဲ..."ကြည့်....ကြည့်...သူအဲဒါတွေယိုရှီနိုရီကို
အားမရတာ...။
ဘာဖြစ်ဖြစ် ကလေးသဘော...
ကလေးသဘောနဲ့ သူ့ကိုအဲဒီလိုတွေ
အလိုလိုက်နေလို့ အခုသူကိုယ်တိုင်
သေတွင်းထဲရောက်ခါနီးနေပြီ...။"အား..."
သူ့အသံကြားတော့ ယိုရှီနိုရီကလှည့်ကြည့်
လာတယ်...။"ဘာဖြစ်လို့လဲ...ကလေး နေမကောင်းဘူး
လား..."မျက်ဝန်းတွေမှာလဲ စိုးရိမ်ရိပ်အပြည့်..။
"မဟုတ်ဘူး....ကျွန်တော်အိမ်သာ သွား
ချင်လာလို့...""ဟမ်...ဒီမှာအိမ်သာရှိမယ်မထင်ဘူး..
မှန်းစမ်း...ကိုယ်လိုက်ရှာပေးမယ်..."
![](https://img.wattpad.com/cover/348732761-288-k234125.jpg)
YOU ARE READING
BOOMERANG
Fanfictionပစ်လွှတ်လိုက်တဲ့ BOOMERANG တစ်ခုကကိုယ့်ဆီပြန်ရောက်လာသလိုပဲ...။ လက်လွှတ်လိုက်ရတဲ့မင်းကလဲ ကိုယ့်ဆီကို တစ်ဖန်ပြန်ရောက်လာခဲ့တယ်..။ ဒါပေမယ့်...အရင်လိုမဟုတ်တော့ဘူး...။ ပစ်လွှတ်လိုက်တဲ့ BOOMERANG တစ်ခုကကိုယ့်ဆီပြန်ရောက်လာသလိုပဲ...။ လက်လွှတ်လိုက်ရတဲ့မင်းကလဲ က...