လွန်ခဲ့သော ၁၀နှစ်
အိမ်တစ်အိမ်မှာ ရန်ဖြစ်သံတွေနဲ့ပြည့်နက်နေခဲ့တယ်။
"မင်း ငါ့ကိုအခုချက်ချင်းပိုက်ဆံပေးစမ်း"
"ရှင်ထပ်ပြီး လောင်းကစားလုပ်မလို့လား"
"ငါပြောနေတယ်လေ ပေးဆိုပေး"
"မပေးနိုင်ဘူး ဒီပိုက်ဆံတွေက သားလေးအတွက်"
"အဟား သားလေးအတွက်? မင်း သားကဘာမှသုံးစားမရဘဲနဲ့ အဲ့ပိုက်ဆံတွေဘာလုပ်မှာလဲ"
"သားလေး ကျောင်းတက်ဖို့အတွက် ကျွန်မ မနည်းရှာထားရတာ"
"မင်းရဲ့ ခန္ဓာကိုယ်ကို ရင်းပြီးလား"
"ရှင် ပါးစပ်ပိတ်စမ်း ဒီပိုက်ဆံတွေကို ရှင့်ကိုမပေးနိုင်ဘူး"
၉နှစ်သားလေး ချန်းဘင်ဟာ ရန်ဖြစ်နေတဲ့ မိဘတွေကို တံခါးအကွယ်လေးကနေ ရပ်ကြည့်နေခဲ့တယ်။
ဖြန်း.....
ရုတ်တရက်ကျယ်လောင်စွာထွက်ပေါ်လာသောအသံ....
အဖေဖြစ်သူဟာ အမေကို ပါးရိုက်ကာ လက်ထဲကပိုက်ဆံတွေကို ယူသွားတော့တယ်။ချန်းဘင်ဟာလဲ အမေ့ဆီကိုပြေးသွားတော့တယ်။"မေမေ.."
"မင်း ငါ့ရှေ့ကထွက်သွား"
"မေမေ့ မျက်နှာ..."
"ငါ့ရှေ့က ထွက်သွားလို့!!!!!"
အမေဖြစ်သူရဲ့အော်သံကြောင့် ခန္ဓာကိုယ်လေးတစ်ချက်တွန့်သွားခဲ့တယ်။
"ငါ မင်းကိုမမွေးခဲ့သင့်ဘူး"
အမေဖြစ်သူပြောလိုက်တဲ့စကားတစ်ခွန်းဟာ သူ့အတွက်အများကြီး စိတ်ကင်ဆာဖြစ်စေခဲ့တယ်။ထိုနေရာကနေဘဲ အမေဖြစ်သူဟာထွက်သွားခဲ့တယ်။
အမေက သူ့ကို မွေးခဲ့လို့ တာဝန်ယူတာဘဲဖြစ်ခဲ့တာ။ဘယ်တော့မှ သူ့ကိုမချစ်ခဲ့ဘူးဘဲ။သူ ဒီနေရာလေးကနေဘဲ သေးသေးလေးဖြစ်ပြီးပျောက်ကွယ်သွားချင်တယ်။
At age of 13...
အလယ်တန်း ပထမနှစ်ယောက်လာခဲ့ပြီ။အဖေနဲ့လဲစကားမပြောသလို အမေကိုလဲမပြောဘူး သူစိမ်းကားနေခဲ့တာ ၄နှစ်ရှိနေပြီ။အလယ်တန်းစတက်ကတည်းက သူ့ရဲ့အတိတ်ကြောင့် သူငယ်ချင်းလဲမရှိခဲ့ဘူး။တစ်ရက်မှာ သူအိမ်ကို ညဉ့်နက်မှပြန်လာခဲ့တယ်။အချိန်ကတော့ ၁၂ထိုးခါနီး အချိန်ဘဲဖြစ်တယ်။
YOU ARE READING
Meaning of love (one short)
FanfictionWhat is love? Is it sweet or sour? written in barmese.