(3)

56 10 13
                                    

"နေပါအုံး ငါအမြင်မှားတာများလား....ဟေ့ ဘန်ချန်း မင်းနေရောကောင်းရဲ့လား...လက်ကောကျိုးထားသေးတာလား...အတွင်းထဲထိခိုက်ထားသေးလား...အဆုတ်တွေ ကလီစာတွေကောကောင်းလား......."

"ရား မင်ဟို မင်းဘာတွေလာပြောနေတာလဲ..."

"မဟုတ်ဘူး ကျောင်းကိုမရောက်စဖူးအစောကြီးရောက်လာလို့......."

"အဲ့တာကအကြောင်းရှိတယ်....."

ဘန်ချန်းတစ်ယောက်အစကနေအဆုံးထိရှင်းပြလိုက်တော့တယ်။

"အော် အဲ့တာဆိုအဲ့ကောင်လေးနှိုးလို့ထလာတာပေါ့.."

"အင်း....အဲ့လိုကျတော့လဲ ချစ်စရာလေးဘဲ...ဟီးဟီး.."

"တော်တော် ငါအတန်းတက်စရာရှိတယ် လစ်ပြီ မင်းလဲ မင်းတို့ professor ခေါ်ထားတယ်မလား သွားလိုက်အုံး.."

"အေး သွားပြီနော်.."

.
.
.
.
.
အချိန်တွေတစ်ဖြည်းဖြည်းကုန်လာခဲ့တာ နေ့လည်ထမင်းစားချိန်တောင်ရောက်လာခဲ့တယ်။

"Ya Changbin ဘာစားမလဲ.."

"အင်း ဘာဘဲဖြစ်ဖြစ်အဆင်ပြေတယ်.."

"တစ်ခုခုပြောစမ်းပါ မဟုတ်ရင် ဒီက ယောန်ဂျွန်းလေးက ဝမ်းနည်းတာပေါ့.."

"အဲ့တာဆို ထမင်းသုပ်စားမယ်.."

"အိုကေ..မင်းထိုင်နေ ငါသွားယူလာခဲ့မယ်.."

အဲ့တာနဲ့ ချန်းဘင်လဲ canteen မှာ ထိုင်စရာနေရာရှာနေခဲ့တယ်။ထိုအချိန်မှာ..

"အော် ဟိုမှာ ချန်းဘင်.."

မင်ဟိုရဲ့အသံကြောင့် ဘန်ချန်းလှမ်းပြီးတော့ ခေါ်လိုက်တယ်။

"ချန်းဘင် ဒီမှာ..."

ဒီတစ်ခါမှာတော့ ချန်းဘင်မငြင်းခဲ့ပါဘူး..

"ချန်းဘင် ဘာစားမလဲ..ကိုယ်မှာပေးရမလား.."(bang)

"ရတယ် ဟိုဟာ ယောန်ဂျွန်း မှာခဲ့ပေးမယ်တဲ့.."

"အော်...."

မကြာပါဘူး ယောန်ဂျွန်းတစ်ယောက် ရောက်လာခဲ့တော့တယ်။

"ရော့ ဒါက ငါ့ရဲ့ချစ်သူငယ်ချင်းလေးအတွက်ထမင်းသုပ်.."(yeon)

ယောန်ဂျွန်းရဲ့ စကားကို ချန်းဘင်ကတော့ မျက်စောင်းလေးတစ်ချက်နဲ့ တုန့်ပြန်လိုက်တယ်။

Meaning of love (one short)Donde viven las historias. Descúbrelo ahora