Day 1
ချစ်ရတဲ့သူနဲ့ တစ်နေကုန်လျှောက်လည်ခဲ့တယ်။
"စီနီယာ...ဟိုဟာကဘာလေးလဲ.."
"အဲ့တာလား.."
"အင်း မီးလုံးလေးတွေနဲ့ မီးပုံးလားဟင်.."
"အဲ့တာပိုးစုံးကြူးလေးတွေလေ...ဘယ်ကနေရောက်လာလဲတော့မသိဘူး.."
"စီနီယာ..ကျွန်တော့ကို ဘယ်တုန်းကစပြီး သဘောကျခဲ့တာလဲ.."
"အင်း လွန်ခဲ့တဲ့ ၇နှစ်လောက်က...ကိုယ့်မွေးနေ့ကို အတူတူဖြတ်သန်းပေးခဲ့တဲ့အချိန်ကစပြီး.."
"အော်.....ကြာပြီဘဲ.."
"ပြောပါအုံး ဘေဘီကရော ကိုယ့်ကိုဘယ်တုန်းကစသဘောကျတာလဲ.."
"အင်း မသိဘူး....သေချာတာကတော့ကျွန်တော်က စီနီယာ့ကို ပိုချစ်တယ်ဆိုတာ.."
"အတက်ကလေး."
ချန်းဘင်ရဲ့အပြောကို သဘောကျစွာ ရယ်မောနေခဲ့တယ်
-
Day 7
First kiss...
"စီနီယာ စာလုပ်လေ..."
"မလုပ်ချင်ပါဘူး ပျင်းတယ်.."
"ပျင်းလို့မရဘူးလေ ဆရာဆူမှာပေါ့.."
"ဘေဘီကလည်း...."
"ဘာကိုဘေဘီကလည်း လဲ..ဟွန့် လူပျင်းကြီး စာလည်းမလုပ်ဘူး.."
"စာတော့မလုပ်ချင်ဘူး ဘေဘီ့ကိုတော့ လုပ်ချင်တယ်..."
ဘန်ချန်း ပြောတဲ့စကားကြောင့် မျက်နှာတွေနီရဲလာတဲ့ ချန်းဘင်...
"သွား လူဆိုးကြီး...စာမလုပ်မချင်းလာမခေါ်နဲ့..."
"ဟာ မလုပ်ပါနဲ့ ကိုယ်စာလုပ်ပါ့မယ်နော်..."
"အခုမှ လာချော့ပြမနေနဲ့..."
ချန်းဘင်ရဲ့ခါးလေးကို ရစ်နှောင်လာတဲ့ လက်တွေ...
YOU ARE READING
Meaning of love (one short)
FanfictionWhat is love? Is it sweet or sour? written in barmese.