ဘန်ချန်းအပြင်မှာရပ်စောင့်နေရင်း လူတစ်ချို့ထွက်လာတာကိုမြင်လိုက်ရတဲ့အတွက် အဆောက်ဦးအပြင်မှာ ချထားတဲ့ ပစ္စည်းတွေနားကို ဝင်ပုန်းကာ အခြေအနေလှမ်းကြည့်လိုက်တယ်။
အရုပ်ကြိုးပျက်သွားသလိုဘဲ..သူတို့တွေချန်းဘင်ကို တစ်နေရာရာခေါ်သွားတာကိုတွေ့လိုက်ရတယ်။အခြေနေတွေမကောင်းတဲ့ပုံပေါ်တာမို့ ယောန်ဂျွန်းကိုအရေးပေါ်ဖုန်းဆက်လိုက်ရတော့တယ်။
(ယောန်ဂျွန်း...)
(ပြော စီနီယာ..)
(ချန်းဘင် အန္ဒရာယ်ရှိနေပြီ..)
(ဗျာ!!!!ဘယ်လိုဖြစ်လို့..)
(ချန်းဘင် အဖေကလုပ်တာ..)
ဘန်ချန်းလဲ အကုန်ပြောပြလိုက်တော့တယ်။
ယောန်ဂျွန်းတစ်ယောက် အနည်းငယ်ဒေါသထွက်မိတယ်။အဖေအရင်းက အဲ့လိုလုပ်တယ်တဲ့လား။
(ခေါ်ပြီးလာခဲ့ ငါသူတို့နောက်လိုက်သွားမှရမယ်..ငါ့ဖုန်းနံပါတ်ကိုခြေရာခံပြီးလိုက်ခဲ့..)
(ဟုတ်!!!)
ဘန်ချန်းဟာ ကားထွက်သွားတဲ့အနောက်ကိုသူ့ကားနဲ့ လိုက်တော့တယ်။
တစ်ဖြည်းဖြည်းနဲ့ ကားကမြို့စွန်ကိုရောက်လာခဲ့တယ်။ ဘန်ချန်းလဲကားကိုရပ်ကာ သူ့မျက်စိရှေ့တည့်တည့်က ဆေးရုံပျက်ကြီးထဲကို ဝင်ဖို့ အပြင်ကတွေ့တဲ့ တုတ်တစ်ချောင်းကိုပါ ကောက်ပြီး အထဲကို ခြေသံလုံလုံနဲ့ ဝင်လာခဲ့တော့တယ်။
ဝင်လာပြီး တစ်နေရာအရောက်မှာ စကားပြောနေတဲ့အသံကြားလို့ ရပ်နားထောင်နေခဲ့တယ်။ပြောနေတဲ့သူတွေဟာ ချန်းဘင်အဖေလို့ထင်ရတဲ့သူရယ် တစ်ခြား ယောင်္ကျားကြီးတစ်ယောက်ရယ် စကားပြောနေခဲ့ကြတယ်။
"ဒီကောင်လေးကို..ငါကဘာလုပ်ရမှာလဲ"
"ကြိုက်တာလုပ်လို့ရပါတယ် ခိုင်းစားလို့လဲရတယ် ရောင်းစားလို့လဲရတယ် ကျွန်တော်အရေးပေါ်ငွေလိုနေလို့ပါ..."
"ငွေလိုလို့ မင်းက မင်းသားနဲ့အလဲအလှယ်လုပ်တယ်ပေါ့.."
"ဟုတ်ပါတယ်.."
YOU ARE READING
Meaning of love (one short)
FanfictionWhat is love? Is it sweet or sour? written in barmese.