(1)

199 12 10
                                    

မိဘဆိုတာ Seo Changbin လိုလူမျိုးအတွက်ဆိုရင် ဘယ်လိုမျိုးလဲ..

တစ်ခြားသူအတွက်ဆိုရင်တော့ မိဘဆိုတာ သားသမီးကို သဲသဲလှုပ်ချစ်ကြပြီး အမြတ်တနိုးထားတတ်ကြတယ်။ ဒါပေမဲ့ သူ့အတွက်တော့ အဲ့လိုမဟုတ်ခဲ့ဘူး။ သူမိဘရဲ့အချစ်ဆိုတာလဲ မသိခဲ့ဘူး။သူသိတာက အမြဲတမ်း အရက်သောက်ပြီး မူးရူးကွဲပြဲ ပြီးတော့ လောင်းကစားဘဲလုပ်နေတဲ့အဖေနဲ့ အိမ်ကို ကောင်လေးတွေတစ်ယောက်ပြီးတစ်ယောက်ခေါ်လာတတ်တဲ့အမေ နဲ့ ဆောချန်းဘင်အတွက်တော့ မိဘဆိုတာက အဲ့လိုမျိုးပါဘဲ....ကလေးမှန်သမျှ မိဘရဲ့ သဲသဲလှုပ်ဖြစ်တာကို ခံချင်မှာပေါ့ ဒါပေမဲ့ သူ့အတွက်အဲ့လိုအခွင့်အရေးမရခဲ့ဘူး။

သူသိတက်စအရွယ်ကတည်းကနေ အခုသူ့အသက် ၁၉နှစ် တက္ကသိုလ် ပထမနှစ် စတက်ရတော့မယ်။သူကျောင်းတက်တုန်းကလဲ သူ့မိဘတွေကြောင့် သူနဲ့အတူပေါင်းမဲ့သူငယ်ချင်းလဲမရှိသလို စာကဘဲသူ့ကိုအဖော်လုပ်ပေးလာခဲ့တယ်။အခုတော့ မိဘအိမ်ကနေ ခွဲထွက်ခဲ့ပြီး အဆောင်ဆီကို ရောက်လာခဲ့တယ်။ သူတက္ကသိုလ် ဆက်တက်နိုက်တာဟာ ကျောင်းကပေးတဲ့ စကော်လာ နဲ့တက္ကသိုလ်ကောင်းကောင်းတစ်ခုဆီမှာ ဆက်တက်နိုက်တာဘဲဖြစ်တယ်။ သူ့အိမ်မက်က ကုမ္ပဏီတစ်ခု အလုပ်ဝင်ပြီး ဘဝကိုကောင်းကောင်းဖြတ်သန်းဖို့ဘဲ။
.
.
.
.
ဆိုလ်းရဲ့ တက္ကသိုလ်တစ်ခုမှာ အခုမှ ပထမဆုံးကျောင်းစတက်မဲ့ကျောင်းသားအသစ်တွေဟာ သူတို့တက်ရမဲ့အဆောင်တွေအခန်းတွေ ပတ်ရှာနေခဲ့တယ်။ဆောချန်းဘင်လဲအပါအဝင်ပေါ့။ သူဘေးပတ်ပတ်လည်ကိုကြည့်လိုက်တိုင်း မိဘတွေဟာ သူတို့သားသမီးကို လိုက်ပို့ပေးနေတာကိုတွေ့ရတော့ အရမ်းအားငယ်မိတယ်။ အနည်းငယ်ဝမ်းနည်းမိပေမဲ့ ဆက်အားတင်းကာ အဆောင်ပတ်ရှာနေခဲ့တယ်။သူများတွေကို အကူညီလဲမတောင်းတတ်သလို သူ့ကိုလာကူညီတာကိုလဲ မနှစ်သက်ဘူး။ဆောချန်းဘင်ဟာ အဲ့လိုလူမျိုးတစ်ယောက်ဘဲ။ နာရီနည်းနည်းအကြာမှာတော့ အဆောင်ကိုရှာတွေ့သွားခဲ့တယ်။

"ဟူး နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ.."

အဆောင်တံခါးကိုဖွင့်လိုက်တဲ့အခါမှာဘဲ ကုတင်တစ်ဖက်မှာ သူငယ်ချင်းလေးနှစ်ယောက်ဟာ ထိုင်ပြီးစကားပြောနေခဲ့ကြတယ်။ သူအဲ့တာတွေကို ဂရုမစိုက်ဘဲ သူ့ကုတင်အခြမ်းဘက်ကိုဝင်လာခဲ့တယ်။

Meaning of love (one short)Où les histoires vivent. Découvrez maintenant