Unicode ,
ရယ်သံအချို့ပျံ့လွင့်နေတဲ့ အဲ့ဒီနှစ်က
ဆောင်းရာသီ...။ ကုတင်ခြေရင်းက
ဂစ်တာတစ်လက်။ လက်ထဲမှာ ဆုပ်ကိုင်
ထားသည့် ပတ်ထရမ်ကို စားပွဲခပ်သေးသေး
ပေါ် ပစ်တင်ရင်း ဂစ်တာကို ဆွဲယူကာ နံရံဘေးကပ်
လိုက်သည် ။အခန်းထောင့်က ဝိုင်ပုလင်း
တွေထားတဲ့နေရာသည် ဗလာဖြစ်နေတုန်း။ဖွာလန်နေသည့် ဆံပင်တွေကိုလည်း
လှန်သပ်တင်တော့ အခန်းတံခါးခေါက်
သံကြားရသည် ။တံခါးအပြင်ကနေကြားလိုက်ရသည့်
အမေ့ရဲ့ ချိုမြမြအသံ ။
" ထယ်... တစ်ညနေလုံးအိပ်ပျော်နေတာ
နေမကောင်းဘူးလား ဒီည က
မင်းအဖေမွေးနေ့ပါတီနော် ကောင်လေး "အညောင်းအညာတွေအကုန်ဆန့်ထုတ်ပြီး
" သိတယ်...ကျနော် ထပါပြီ "
" ရေချိုးပြီး သပ်သပ်ရပ်ရပ်လဲ
လုပ်ခဲ့ဦး ... နော် "အမေက အကုန်လုံးကို အရှုံးပေးတယ်ဆိုသည့်
လေသံဖြင့် ကျနော့်ကို အချိုသပ်နေပုံ
ရသည် ။" အော ... ဘာမှစိတ်မပူဘဲ
အဖေ့ necktie ကိုသာ သွားစည်း
ပေးလိုက်ပါ "အမေ့ဆီက ခြေဆောင့်ပြီးထွက်သွား
သည့် အသံကြားရမှ ကုတင်ပေါ်ကို
ပက်လက်လှန်ပစ်လှဲလိုက်သည် ။ဒီလိုပွဲတွေသည် နှစ်တိုင်း
ရေမတွက်နိူင်အောင် တွေ့ကြုံနေရစမြဲ ။
အဖေ့ရဲ့ ကြီးကျယ်မြင့်မြတ်မှုတွေကို
ထုတ်ကြွားရသည့် အချိန်ဆိုလည်း မမှားဘူးပေါ့ ။ထယ်ယောင်း အင်္ကျီ ဗီဒိုကို လှပ်ပြီး
ဘယ်ဟာဝတ်သွားရမလဲသာ
စဉ်းစားနေတယ် ။ ပုံစံတစ်မျိုးတည်း
ရှိတဲ့ အဝတ်အစားတွေ ။နက်ပြာရောင် suit ကိုသာ
ထုတ်ယူပြီး ကုတင်ပေါ်တင်ထားလိုက်သည်။မှန်ထဲမှာမြင်နေရသည့် ပုံရိပ်ဟာ
ခပ်ဝါးဝါး ရေချိုးပြီးစ ရေငွေ့တို့ရိုက်ခက်လို့
ဖြစ်မယ် ။ဆံပင်ကို အနောက်ကိုလှန်သပ်တင်ပြီး
သပ်ရပ်ချပ်ကပ်သွားအောင်လုပ်လိုက်သည် ။ရှားစောင်းလက်ပတ်ဆီကို မျက်နှာ
ပေါ်လိမ်းတင်ပြီး မှန်ကိုတစ်ချက်ပြန်ကြည့်
လိုက်သည် ။
YOU ARE READING
Ruin The Planet Again