intro

1.9K 179 20
                                        

Zawgyi

" အချစ်... "

ဘုရားရေ ရင်တွေတလှပ်လှပ် ခုန်လာလိုက်တာ...။

နှစ်အတော်ကြာ မခေါ်ခဲ့လိုက်ရတဲ့ နာမ်စားမလား...။

မြင်နေရသည့် သူ့နောက်ကျောပြင်သေးသေးလေးကို
ပြေးပွေ့ချင်စိတ်တွေသည် တပိုးတနင့်...။

Long coat ထူထူကြီးထဲ နစ်မြှုပ်နေသည့်
သူ့ကိုယ်လုံးငယ်ငယ်လေး...။

အညိုရောင်ဆံပင်တွေသည် coat ကော်လံအထိ
ထောက်ကာ ဖြောင့်စင်းလို့...။

မျက်နှာလေးအနှံ့ နမ်းပြီး ကျနော် ဘယ်လောက်လွမ်း
နေရကြောင်း ထွေးပွေ့ထားချင်ကြောင်း အနားကနေ
တစ်စက္ကန့်လေးမှ မခွာချင်ကြောင်း ပြောပြချင်
လိုက်တာ...။

နာရီတွေသည် ခပ်နှေးနှေး လည်နေသည်။
ကြားနေရသည့် အသံတွေသည် ဝါးတားတား...။
မျက်လုံးအိမ်ကနေ အိစင်းကျလာသည့် စိုစွတ်စွတ် လွမ်း
မောခြင်းတွေ...။

ခြေထောက်တွေသည် ကတုန်ကယင် ဖြစ်လာကာ
ယိုင်လဲကျတော့မည့် အခြေအနေ။

ကျနော်ကိုယ် ကျနော် ရှိသမျှ အင်အားနှင့်
ထိန်းထားလိုက်ပါသည်...။

ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် ညာဖက်လက်သီး
ထဲက ချွေးတွေ...။
နှဖူး နားထင်နဲ့ ခေါင်းအနောက်ဖက်က စီးကျလာသည့်
ချွေးတွေ...။

ကျနော်မှာ ရှေ့ဆက်တိုးဖို့ သတ္တိလဲ မရှိပါလား...။

ကိုယ် မင်းကို ထပ်ပြီး... ထပ်ပြီး ဆုံးရှုံးရဦးမှာလား...။

ပခုံးကို ခပ်ဆတ်ဆတ်ပုတ်လာသည့် လက်တစ်ဖက်ကြောင့်
စိတ်နှင့်နာမ်ဟာ တစ်သားတည်းပြန်ထပ်ကျလာခဲ့သည်...။

" Jung... မင်းကို သတင်းစာ ရောင်းတဲ့နားမှာ
ခန ထိုင်နေဖို့မှာခဲ့တာ လေ.. "

ကျနော်သည် ခေါင်းကို အခါခါ အယမ်းယမ်း...။

တုန်တုန်ယင်ယင် လက်ညိုးထိုးပြလိုက်သည်...။

" ဟိုမှာ... ငါ့ရဲ့... Tae..."

Jean က ရယ်ရယ်မောမောဖြင့်ကျနော့် ပခုံးကို
နှစ်ချက်လောက် ရိုက်ရင်း...

" ထင်ယောင် ထင်မှား ဖြစ်ပြန်ပြီ..သွားကြရအောင်
ဒီလို မြို့ငယ်နားက café ကို မင်း အရင်ကောင်
ရောက်လာရအောင်လဲ သူ ထွက်သွားခဲ့တာ ဘယ်နှနှစ်
ရှိသွားပြီလဲ hmm? သတိထားစမ်းပါ..."

Ruin The Planet Again Tahanan ng mga kuwento. Tumuklas ngayon