3

404 81 6
                                    

Unicode

Jung နဲ့တွေ့ခဲ့တဲ့နေ့ကစပြီး Kim tae ရဲ့
ဦးနှောက်ထဲမှာ ပြေးလွှားနေသည့် အကြောင်းအရာဟာ တစ်ခုပဲရှိတော့တယ် ။

အနမ်းတွေဟာ ဘယ်လောက် မက်မောဖို့
ကောင်းကြောင်း ။ နှုတ်ခမ်းတွေ ထိကပ်မိတဲ့
အခါတိုင်း တစ်ကမ္ဘာလုံး ပင်လယ်လှိုင်းတွေအဖြစ်
ပြောင်းလဲကုန်တယ် ။

Jung ဟာ ပင်လယ်ရဲ့ အငွေ့အသက်နဲ့တူတယ် ။
Kim tae အချိန်တိုင်း ငေးမောချင်နေမိတာတော့
အမှန်ပါပဲ  ။

Partyကနေခိုးထွက်တာ အဖေထပ်ပြီး
မိသွားမှာစိုးလို့ စိတ်မောနေရတဲ့ အချိန် Jung ဟာ
ကျနော့် လက်ကို ဖွဖွလေးဆုပ်ကိုင်ထားပေးခဲ့
သည် ။ Jung က ကတိအတိုင်း party မပြီးခင်
အမှီ ပြန်ပို့ပေးခဲ့သည် ။

ကားပေါ်ကမဆင်းခင်Jung က
'နမ်းမိလို့ စိတ်မဆိုးဘူးမလား ' လို့လဲ
မေးသေးတယ် ။ အဖြေကိုသိပြီးသား မေးခွန်းကို
မဖြေချင်လို့ ပြုံးရုံသာပြုံးခဲ့သည် ။

Jung ဟာ သူ့ကို ဖုန်းနံပါတ်ပေးခဲ့တယ်။သူနဲ့ထပ်တွေ့ချင်ရင် တင်းနစ်ကစားကွင်းကို လာခဲ့ပါလို့လဲ
ခေါ်သေးတယ် ။
လာပါ့မယ်လို့ ကတိမပေးခဲ့ပေမယ့် ကျနော်
ကိုယ်တိုင်က Jung ကိုထပ်တွေ့ချင်နေခဲ့တာ။

မနက်စာစားဝိုင်းမှာ အမေနဲ့ ကျန်ော
နှစ်ယောက်တည်းဖြစ်နေသည် ။ အဖေက
အလုပ်ကြောင့် Moscow ကိုထပ်သွားရတယ်
ပြောတယ် ။ Party ကနေ ခိုးထွက်သွားတဲ့ ကျနော့်
ကို အဖေသတိမထားမိဘူးလို့ ထင်မိတာပဲ ။

ထမင်းတွေသာ ပါးစပ်ထဲထည့်ကာ ဝါးရင်း
ရုပ်ရှင်တစ်ခုလို ပြန်မြင်နေရသည့်
Jung မျက်ဝန်းတွေ ။

" ကင်မ်ချီ ထပ်ယူဦးမလား ကောင်လေး "

အမေက ပြုံးပြုံးရွှင်ရွှင်ပဲ မေးရှာတယ် ။
သူ့စိတ်တွေထဲ အမေဝင်မကြည့်လို့
တော်ပါသေးရဲ့ ။

" မယူတော့ဘူးအမေ ကျနော်
ညနေကျရင် တင်းနစ်သွားကစား
မလို့ အိမ်ပြန်တော့ နောက်မကျစေရပါဘူး "

ကျနော့်စကားကြောင့် အမေ့မျက်ဝန်းတွေ
အရောင်လက်နေတာကို မြင်လိုက်ရတယ် ။
အနည်းငယ်အံ့ဩသွားတယ်ထင်ရသည် ။
အမေကတော့ ခေါင်းပဲငြိမ့်ရှာပါတယ် ။အဖေမရှိ
တုန်း ကျနော့်ကို စိတ်ချမ်းသာအောင် အပြည့်
အဝထားမယ့် ပုံပေါ်တယ် ။

Ruin The Planet Again Hikayelerin yaşadığı yer. Şimdi keşfedin