တစ်ခါတစ်ရံ လေစိမ်းတွေ စကားပြောတဲ့အသံကို ကြားရတယ်။ လေစိမ်း........ဟုတ်တယ်။လေစိမ်း.........။
ကံကြမ္မာက ဆေးခြယ်ထားပြီးသားမို့ ရွှေးချယ်ပိုင်ခွင့်ကများများစားစားရယ်မရှိ။ ဇာတ်ဆရာစီစဉ်တဲ့အတိုင်း ဟန်ချက်မပြတ်လိုက်ကနေရုံပဲ တတ်နိုင်တယ်လေ။
တိမ်သားတို့က ဒီလိုနေ့မျိူးမှ မဲညို၍နေသည်။ ငြိမ်သက်နေတဲ့ သစ်ရွက်စိမ်းတွေကို လေစိမ်းဆိုသူက တစ်ချက်တစ်ချက် တိုးဝှေ့ပွတ်ခက်သည်။မကြာခင်ပို၍ စိမ်းကားပါသည်ဆိုတော့ အေးစက်စက်အရာတို့ ကမ္ဘာ့အပြင်ဘက်ပေါ်ကနေ ဖောက်ထွင်းကျလာပြန်အုန်းမည်။
စွယ်တော်ပင်ထက်က ငှက်ငယ်တို့မှာလဲ ပြေးချည်လွှားချည်။ စွယ်တော်ရွက်လေးတွေက ထူးဆန်းပါတယ်တဲ့။နှစ်ယောက်ပေါင်းမှ တစ်ခု။
"အရိပ်လေး မနက်ဖြန် ဆယ်တန်းအောင်စာရင်းထွက်မှာနော်"
ဆယ်တန်းအောင်စာရင်း။အဲ့ဒီအရာက မင်းရိပ်ငြိမ် အတွက် ပိုပြီးအတားအစီးဖြစ်နေစေသည်။ ဒီစာမေးပွဲအောင်စာရင်းမှာ သူ့နာမည်ပါလာမယ်ဆိုတာ သူအကျွင်းမဲ့ယုံသည်။ သူမယုံတာက သူ့ဘဝရှေ့ဆက်လျောက်ဖို့ ကံကြမ္မာ။
"အရိပ်လေး မမပြောတာ ကြားလားလို့"
နဂိုမူရင်းအသံထက် အနည်းငယ်မြင့်ပြောလာတဲ့ အသံကြောင့် မင်းရိပ်ငြိမ် နောက်သို့ ဦးလှည့်ကြည့်လိုက်သည်။တစ်ဖက်မှာတော့ မင်းရိပ်ငြိမ်၏ အဖြေအား နားစွင့်နေလေသည်။
"ဟုတ်မမ အရိပ်သိပါတယ်"
"ဘယ်လိုလဲ အရိပ်လေး ရင်ခုန်နေပြီလား"
ဆယ်တန်းအောင်စာရင်းထွက်လာမည့်အချိန်ထက် ဆယ်တန်းအောင်စာရင်းထွက်ပြီးနောက် ဖြစ်လာမဲ့ အချိန်တွေကို မင်းရိပ်ငြိမ် ပို၍ရင်ခုန်သည်ကား အမှန်။
သို့သော် မင်းရိပ်ငြိမ်ရဲ့ ဘဝတစ်လျောက်လုံး ပြုစုစောင့်လျောက်ပေးခဲ့တဲ့ အစ်မတစ်ယောက်ရဲ့ အရှေ့မူကား ခံစားချက်ကင်းမဲ့သော ကလေးငယ်တစ်ယောက်အဖြစ်သာ ဟန်ဆောင်၍နေသည်။
ငယ်ငယ်ထဲက ဆုံးပါးသွားခဲ့တဲ့မိဘနှစ်ပါးကြောင့် ဧပရယ် သူမ၏မောင်လေးကို သိပ်ဂရုစိုက်သည်။သူမဘဝမှာ ဒီမောင်လေးအတွက်ကလွဲ၍ အခြား ဘယ်အကြောင်းအရာကိုမျှ ဦးစားမပေး။ မိဘတွေချန်ထားပေးခဲ့တဲ့ ပစ္စည်းလေးများနဲ့ ရင်းနှီးမြုပ်နှံပြီး ကုန်စုံဆိုင်လေးတစ်ခု ထူထောင်ထားပြီး အရင်ထဲက ရှိနေခဲ့တဲ့ လယ်နှစ်ဧက ကိုတော့ စိုက်ပျိူးလူငှားပြီး စီမံရသည်။မိန်းကလေးဖြစ်သည့်အပြင် အားကိုးရာသည် ဧပရယ်ကိုယ်တိုင်ဖြစ်နေတာကြောင့်ရယ် တစ်ကြောင်း မင်းရိပ်ငြိမ်အား အနည်းငယ်မျှ အထိအခိုက်မခံတာရယ်ကြောင့်တစ်ကြောင်း ကုန်စုံဆိုင်လေးကိုသာ ဧပရယ် ဦးစီးနိုင်၏။
YOU ARE READING
ဒိုင်ယာရီထဲက စွယ်တော်ရွက်ငယ်
Romanceမောင့်ကိုချစ်တဲ့အချစ်မှာ အရောင်မပါဘူး။မောင်ကလိုအပ်တယ်ဆိုငါနေမယ်။မောင်ကမလိုတော့ဘူးဆို ငါမောင့်အနားကထွက်သွားမယ်။ဒါပေမဲ့ ငါ့အသက်ဝိဉာဉ်ချုပ်ငြိမ်းသည်အထိ မောင့်ကိုပဲ သစ္စာရှိရှိချစ်မယ်။မောင့်ကိုငါတစ်ဘဝလုံးစာရွှေးချယ်ထားပြီးပြီမို့ မောင့်ရဲ့ဆိုးခြင်း ကောင...