မိုးရာသီ နောက်တစ်ဖန်ရောက်လာပြန်ပြီ။ အရွက်စိမ်းစိမ်းတို့ပေါ်တွင် မိုးရေစက်လေးများကလည်း အပြေးအလွှား လုပ်ရှားနေကြ၏။ တခါတရံ မုန်တိုင်းထန်ပြီး တခါတရံ လေစိမ်းဆန်သည်။
"အရိပ် မောင်ဒီနေ့ စိမ့်နဲ့ စကားပြောဖြစ်ခဲ့တယ်"
မောင့်ပါးစပ်မှထွက်လာသော စကားလုံးများတွင် စိမ့် ဆိုသောအသံကို မကြားလိုဆုံးသူမှာ အရိပ် ပင်ဖြစ်မည်။
"ဟုတ်လား မောင် ဘာတွေပြောဖြစ်ခဲ့ကြလဲဟင်"
"ဒီနေ့ ပရက်တီကယ်ခန်းမှာ စိမ့်နဲ့ အတူတူလေ ။ မောင်နဲ့ နည်းနည်းတော့ရင်းနှီးသွားပြီ ။ တိုက်တိုက်ဆိုင်ဆိုင်ဒီေန့က စိမ့်မွေးနေ့တဲ့။သူ့မွေးနေ့မှာလည်း လာဖို့ မောင့်ကိုဖိတ်လိုက်သေးတယ်။"
"မောင်က သွားမယ်ပေါ့"
"သွားရမှာပေါ့ အရိပ်ရဲ့ ။ မောင့်အတွက် စိမ့်ကို ချဉ်းကပ်ဖို့ အခွင့်အရေးပဲလေ"
"ဟုတ်ပါပြီ မောင်ရဲ့"
"ဘာလဲ အရိပ်က စိမ့်မွေးနေ့လိုက်ချင်လို့လား" "မောင်ခေါ်သွားပေးလို့ရတယ်နော်"
"တော်ပါမောင်ရယ် အရိပ်နဲ့မှ မသိပဲ မလိုက်ချင်ပါဘူး"
စကားပြောလက်စကိုဖြတ်ရင်း အရိပ် ရေချိူးခန်းသို့ ဝင်လိုက်သည်။ ထို့နောက် ရေချိူးခန်းထဲမှ မှန်ပေါ်တွင် ပေါ်နေသော ညှိုးနွမ်းလှသည့် အရိပ်မျက်နှာလေးဟာ အထင်းသား ပုံရိပ်ထင်နေလေသည်။
"အရိပ် ညနေကျရင် မောင့်အေဆာင်ကိုခဏလိုက်ကူအုန်းနော်"
ရေချိူးခန်းအပြင်ဘက်မှ ကြားရသည့်အသံကို အရိပ်ခွန်းတုန့်ပြန်ခြင်းမရှိခဲ့။ညနေခင်းတစ်ခုမှာတော့ မောင်သွားချင်နေပါသည့် ထိုအမျိူးသမီး၏ မွေးနေ့ပွဲသို့သွားရန် မောင်ပြင်ဆင်နေသည်ကိုမြင်ရလေသည်။ လေတစ်ချွန်ချွန်ဖြင့် ဆံပင်နက်နက်တို့အား ပင့်ဖြီးနေပါသည့် မောင့်အား ငေးကြည့်နေမိသည်။ ထိုစဉ် မျက်နှာမူထားသည် မှန်တင်ခုံအား မျက်နှာလွှဲ၍ အရိပ်ထံသို့ မျက်နှာမူလာသည်။
"အရိပ် မောင့်ကို ဘာဝတ်ရမလဲ ရှာကူအုန်း မောင်မစဉ်းစားတတ်ဘူး"
YOU ARE READING
ဒိုင်ယာရီထဲက စွယ်တော်ရွက်ငယ်
Romanceမောင့်ကိုချစ်တဲ့အချစ်မှာ အရောင်မပါဘူး။မောင်ကလိုအပ်တယ်ဆိုငါနေမယ်။မောင်ကမလိုတော့ဘူးဆို ငါမောင့်အနားကထွက်သွားမယ်။ဒါပေမဲ့ ငါ့အသက်ဝိဉာဉ်ချုပ်ငြိမ်းသည်အထိ မောင့်ကိုပဲ သစ္စာရှိရှိချစ်မယ်။မောင့်ကိုငါတစ်ဘဝလုံးစာရွှေးချယ်ထားပြီးပြီမို့ မောင့်ရဲ့ဆိုးခြင်း ကောင...