နေရောင်ခြည်နွေးနွေးလေးမှ ပြတင်းပေါက်အပေါ်ဘက်မှန်မှ ဖောက်ထွင်း၍ မင်းရိပ်ငြိမ်တို့ ကုတင်ပေါ်သို့ ကျရောက်နေလေ၏။ မင်းရိပ်ငြိမ် နိုးလာချိန်တွင် တစ်စုံတစ်ယောက်ရင်ခွင်ထဲမှာ တင်းကျပ်စွာဖက်ထားသည့် အထိအတွေ့ကို ခံစားလိုက်ရသည်။ အိပ်ယာမှ ထရန်ပြင်သော်လည်း ခန္ဓာကိုယ်ရော အားပါ သာလွန်သည့် ဉာဏ်ဂုဏ်ရီမောင်ရဲ့ ခန္ဓာကိုယ်စက်ဝန်းအတွင်းမှ ရုံးမထွက်နိုင်ပဲရှိနေလေသည်။
အမှန်တော့ မင်းရိပ်ငြိမ်၏အတွင်းစိတ်မှာလည်း ရုံးထွက်လိုစိတ်မရှိပါ။ မသိစိတ်နှစ်ခုချိတ်ဆက်နေကြသည့်အရသာပဲပေါ့။မဖော်ကျူးကြသော မသိစိတ်ရဲ့ ဖလှယ်ရဂုဏ်သတ္တိအချစ်လို့များတင်စားကြည့်မယ်ဆိုရင်ဖြင့်.........။
"အရိပ် နိုးနေပီလား"
မနက်မိုးလင်းလင်းချင်း ပထမဆုံးကြားရသော အသံတိတ်ချစ်ရသူဆီမှ နဂိုထက်ပို၍ ဩဇာငြောင်းသော အသံနက်တို့ အက်ကွဲထွက်လာခဲ့သည်။
"အင်း နိုးနေပြီ"
"ဘယ်နှစ်နာရီရှိပြီလဲ အရိပ်"
"ဘယ်သိမလဲမောင်ရယ် သူက အတင်းကြီးဖက်ထားပြီးတော့"
"မသိဘူးကွာ ဒီနေ့ကျောင်းလဲပိတ်နေတာပဲ ထက်အိပ်ကြရအောင်နော်"
"မောင် အိပ်ရေးမဝသေးဘူး
""ဒါဆိုလဲ မောင်ပဲအိပ်တော့ အရိပ်ထတော့မယ် မနက်စာပြင်ဖို့ လုပ်ရအုန်းမယ်"
"အရိပ်ကလဲကွာ......လာပါ"
တင်းကျပ်စွာဖက်ထားသည့်လက်များကို ဖြေလျော့မပေးသည့်အပြင် အရိပ်ခန္ဓာကိုယ်ကို သူ၏ခြေထောက်ဖြင့်သိုင်းဖက်ကာ ရင်ခွင်ထဲ ထပ်၍ ဆွဲသွင်းလိုက်သည်။ထပ်ပြီး ငြင်းဆန်မှု မပြုတော့သည့် အရိပ်မှာလဲ ဉာဏ်ဂုဏ်ရီ့ ရင်ခွင်ထဲ ထပ်၍ပင်အိပ်ပျော်သွားရပြန်သည်။
"အရိပ် မောင်တို့ကျောင်းပိတ်တုန်း ဘုရားသွားကြရအောင်လေ"
"ထူးထူးခြားခြားပါလား မောင်ရဲ့"
ရေချိုးခန်းထဲကထွက်လာပြီး ထုံးစံအတိုင်း ဉာဏ်ဂုဏ်ရီမှ တဘက်ကလေးအား မင်းရိပ်ငြိမ်ထံသို့ လှမ်းပေးသည်။ မင်းရိပ်ငြိမ်ကလည်း အလိုက်သိစွာ ဉာဏ်ဂုဏ်ရီ့ ဆံပင်သားနက်နက်တို့ကို အသာအယာ သုတ်ပေးနေလေသည်။
YOU ARE READING
ဒိုင်ယာရီထဲက စွယ်တော်ရွက်ငယ်
Romanceမောင့်ကိုချစ်တဲ့အချစ်မှာ အရောင်မပါဘူး။မောင်ကလိုအပ်တယ်ဆိုငါနေမယ်။မောင်ကမလိုတော့ဘူးဆို ငါမောင့်အနားကထွက်သွားမယ်။ဒါပေမဲ့ ငါ့အသက်ဝိဉာဉ်ချုပ်ငြိမ်းသည်အထိ မောင့်ကိုပဲ သစ္စာရှိရှိချစ်မယ်။မောင့်ကိုငါတစ်ဘဝလုံးစာရွှေးချယ်ထားပြီးပြီမို့ မောင့်ရဲ့ဆိုးခြင်း ကောင...