ကြည်လင်နေသော ကောင်းကင်တွင် တိမ်သားဖြူဖြူလေးများ ရှိနေသကဲ့သို့ မင်းရိပ်ငြိမ် စိတ်တွင် အရာရာဟာ မောင်နှင့်အစပြုရလျှင်ကိုပင် အပျော်မဆုံးနိုင်သော နေ့တစ်နေ့ ဖြစ်နေလေသည်။ကိုယ်စားဝင်ခံစားကြည့်ပါဆိုလျှင်တောင် ခံစားမှုခြင်းတူနေပါစေ မင်းရိပ်ငြိမ်ကပင် ပို၍ထူးကဲပါလိမ့်မည်။ပထမဦးဆုံးသော ချစ်ကြိုးသွယ်ခဲ့သည့် ထိုညို့ဓာတ်ပြင်းသည့် မျက်လုံးပိုင်ရှင်ကို ယခုထိတိုင် မင်းရိပ်ငြိမ် ချစ်ကြိုးသွယ်ငြိနေဆဲပင်ဖြစ်သည်။သဘာဝတရားနှင့်ယှဉ်တွဲပြိုင်ဆိုင်ပါလျှင် ရှူံးနိမ့်မည်စိုး၍ မင်းရိပ်ငြိမ် ထိုညို့ဓာတ်ပိုင်ရှင်နှင့် သူငယ်ချင်းစည်းဘောင်ကို ကျော်လွန်ခြင်းပြုမည်မဟုတ်။ဉာဏ်ဂုဏ်ရီအား ဂရုအစိုက်ဆုံးနှင့် ကောက်ရိုးတမျှင်မျှမသိရအောင် တိတ်တိတ်ကလေး ခိုးချစ်ခြင်း အတတ်ပညာကို မင်းရိပ်ငြိမ် တတ်ကျွမ်းနေလေပြီမဟုတ်လား။
အတန်းဆင်းချိန်၌ အတန်းသူ အတန်းသားများ ကုန်လှနီးပါးထွက်သွားသည်အထိ မင်းရိပ်ငြိမ် သူ၏ နေရာတွင်သာရှိနေခဲ့သည်။မျက်လုံးအစုံတို့မှာလဲ နံရံမျက်နှာကျက်အား စူးစိုက်ကြည့်နေခဲ့သည်။သေချာပါသည်။ထိုမျက်နှာကျက်တွင် ဉာဏ်ဂုဏ်ရီမျက်နှာတာ ထင်ယောင်နေပါလိမ့်မည်။ နှုတ်ခမ်းရဲရဲတို့အား လခြမ်းသဏ္ဌာန် ကွေး၍ မျက်လုံးငယ်တို့မှာ အရောင်လက်နေခဲ့သည်။အတန်းသူ အတန်းသားများ တစ်ယောက်မျှပင်မရှိတော့သည်အထိ မင်းရိပ်ငြိမ် သူ၏အတွေးများအား မရပ်တန့်သေး။
"အရိပ် "
"အရိပ်လို့ "
ဘေးနားမှ ပုခုံးအားလှုပ်ရမ်းလာသော လက်ပိုင်ရှင်အား မင်းရိပ်မော့ကြည့်လိုက်သည့်အခါ နံရံမျက်နှာကျက်ပေါ်တွင် ထင်ယောင်နေသောသူသာ ဖြစ်နေလေသည်။ချွေးစိုရွဲနေသော အင်္ကျီတို့မှာ ဉာဏ်ဂုဏ်ရီ၏ ရင်အုပ်သား မောက်မောက်ပေါ်တွင် ပါးလွှာစွာ ကပ်လျက်ရှိနေသည်။အနောက်သို့ ပင့်တင်ထားကျဖြစ်သော ဆံသားနက်နက်တို့မှာလဲ ပြေလျော့နေပြီး နဖူးရှေ့တို့ ကျနေလေသည်။မောဟိုက်စွာအသက်ရှူသံအားလည်း မင်းရိပ် နီးကပ်စွာ ကြားနေရသည်။
YOU ARE READING
ဒိုင်ယာရီထဲက စွယ်တော်ရွက်ငယ်
Romanceမောင့်ကိုချစ်တဲ့အချစ်မှာ အရောင်မပါဘူး။မောင်ကလိုအပ်တယ်ဆိုငါနေမယ်။မောင်ကမလိုတော့ဘူးဆို ငါမောင့်အနားကထွက်သွားမယ်။ဒါပေမဲ့ ငါ့အသက်ဝိဉာဉ်ချုပ်ငြိမ်းသည်အထိ မောင့်ကိုပဲ သစ္စာရှိရှိချစ်မယ်။မောင့်ကိုငါတစ်ဘဝလုံးစာရွှေးချယ်ထားပြီးပြီမို့ မောင့်ရဲ့ဆိုးခြင်း ကောင...