မိုးတို့ကပြို။လေပြေကငို။ကိုယ်စီကိုယ်စီစိတ်ခံစားချက်တွေနဲ့။ ဒီနှစ်ဦးသား ဘယ်လိုမျိူးနဲ့ ဘယ်အခြေအနေထိ လျောက်လှမ်းမှာလဲ။ တကယ်ပဲ အချစ်ဟာ ချစ်နေရင်ရပြီလား။ ထုတ်ပြောဖို့ မလိုအပ်တော့ဘူးလား။ ဒါမှမဟုတ် ဒါတွေရဲ့ ဆန့်ကျင်ဘက်များလား။
"ကိုကို..."
"ဗျာ"
"ခုတလော မင်းရိပ်နဲ့ဂုဏ်ရီတို့ကို သိပ်ပြီး တွဲတွဲလာလာမတွေ့ရဘူးနော်"
"အသဲသတိမထားမိလို့နေမှာပါ အသဲရဲ့"
"မဟုတ်ဘူး ကို.... ကျနော်သတိထားမိတာကြာပြီ...သူတို့ ပြဿနာဖြစ်ထားကြပြန်ပြီထင်တယ်"
"အဲ့တော့ အသဲက ဘာလုပ်မလို့လဲ"
"အင်း.....မင်းရိပ်ဆီသွားကြည့်ကြမလား ဂုဏ်ရီဆီတော့ သွားရင်လည်း ဘာမှပြောမှာမဟုတ်ဘူး။ သူကကြိတ်မိတ်ခံတဲ့ကောင်မျိူး။ မင်းရိပ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကို ပြောပြမယ်ထင်တာပဲ"
"နေပါအုန်း အသဲက ဘာလို့သူတို့ပြဿနာတတ်ထားတယ်လို့ တပ်အပ်ပြောနိုင်ရတာလဲ"
"ဟိုတစ်နေ့က ကျနော်တို့ကျောင်းနားတာမှတ်မိတယ်မလား။အဲ့နေ့က project အတွက် ကျနော်ကျောင်းကို မနက်စောစောခဏလာခဲ့သေးတယ်။အဲ့တာကျနော်တို့သီချင်းဆိုနေကျလမ်းထိပ်မှာ အဲ့မှာ ဂုဏ်ရီကားထဲကနေ မစိမ့် ထွက်လာတယ်။အဲ့တာကိုအရိပ်က မြင်သွားတယ်""မင်းရိပ် မျက်ရည်တွေသုတ်နေတာလည်းမြင်ခဲ့သေးတယ်"
"အင်း.....သွားကြည့်ကြတာပေါ့"
******************
အချစ်မှာ ရိုးရှင်းသော သန့်ရှင်းသော ကောင်းကင်ပြာကြီးတစ်ခုကဲ့သို့။ မင်းမခနဲ့ ဇေမင်းခန့်တို့ရဲ့ ဆွေးနွေးပွဲလေးအပြီးမှာ ဇေမင်းခန့်၏ ပုခုံးကျယ်ကျယ်ဆီသို့ မင်းမခ မှီခိုလိုက်သည်။ အခြားသူတို့၏ အချစ်ရေးအား ဆွေးနွေးပြီးနောက်ပိုင်း ကျန်ရှိတဲ့အချိန်များမှာ ကိုယ်စီကိုယ်ငှ အချစ်စကားသံများပြောရန် ကျန်ရှိနေသည့် ထိုအတွဲတို့ ချစ်ခွန်းခြွေကြတော့သည်။
ဒီနှစ်မိုး အညိုးကြီးလှသည်ထင်၏။ လျှပ်စစ် လျှပ်ဖြာတို့အား ဖြန့်ကျဲစေ၍ စိတ်ရှိတိုင်း ပြင်းထန်စွာ ရွာသွန်းသည်။ မိုးစက်ပြင်းပြင်းများကြားတွင် သစ်ရွက်ငယ်တို့မှာ အလူးအလိမ့်။ တစိမ့်စိမ့်နှင့်။
YOU ARE READING
ဒိုင်ယာရီထဲက စွယ်တော်ရွက်ငယ်
Romanceမောင့်ကိုချစ်တဲ့အချစ်မှာ အရောင်မပါဘူး။မောင်ကလိုအပ်တယ်ဆိုငါနေမယ်။မောင်ကမလိုတော့ဘူးဆို ငါမောင့်အနားကထွက်သွားမယ်။ဒါပေမဲ့ ငါ့အသက်ဝိဉာဉ်ချုပ်ငြိမ်းသည်အထိ မောင့်ကိုပဲ သစ္စာရှိရှိချစ်မယ်။မောင့်ကိုငါတစ်ဘဝလုံးစာရွှေးချယ်ထားပြီးပြီမို့ မောင့်ရဲ့ဆိုးခြင်း ကောင...