♡𝟏♥︎

891 28 5
                                    

ချစ်ခြင်းတစ်ခုကိုရင်ခုန်သံတစ်ချက်နဲ့လွယ်ကူစွာစတင်နိုင်ခဲ့ပါလျှင် အဆုံးသတ်ရန်အတွက်မှာဘယ်ကြောင့်များခက်ခဲစွာနဲ့ရင်အစုံဟာ စုတ်ပြတ်သတ်နေပါသည်လဲလေ......

နွေးထွေးတဲ့မနက်ခင်းနေရောင်ခြည်နုနုကလူတွေအားလုံးအပေါ်တူညီသောနွေးထွေးမှုနဲ့အလင်းရောင်ကိုပေးနေသော်လည်း အားလုံးကတော့ထိုအလင်းရောင်နဲ့နွေးထွေးမှုကို လက်ခံရယူနိုင်ပုံခြင်းကွဲပြားကြမည်ထင်သည်

ထိုသို့ပုံမှန်ဆန်သောနေရောင်ခြည်နွေးနွေးကယနေ့မှာဖြင့် ဆောင်းဟန်ဘင်းဆိုသောလူသားတစ်ဦးအတွက်တော့အင်မတန်ထူးခြားစွာဖြင့်ပင်လှပနေတော့သည်

အိပ်ယာနိုးနိုးချင်မှာပင်နှစ်သက်မြတ်နိုးရပါသောသူစီမှ
"အတန်းမတက်ခင်တွေ့ကြရအောင်"
ဟူသော 𝐦𝐞𝐬𝐬𝐚𝐠𝐞တစ်စောင်ကစီးကြိုထားသည်မဟုတ်ပါလား.....
အဘယ်ကြောင့်များမြင်မြင်သမျှလောကကြီးကမလှပပဲနေနိုင်ပါတော့မလဲလေ

နာမည်လေးတစ်ခုဖြင့်ပင်နှလုံးခုန်နှုန်းအားမြှင့်တင်နိုင်သော မည်မျှပင်မြင်နေရပါစေ
ငေးမော၍မဝနိုင်ပါသော သူ၏မျက်နှာချောချောကိုအနီးကပ်ထပ်မံမော်ဖူးခွင့်ရတော့မည်ဖြစ်သောရင်ခုန်မှုနဲ့ပျော်ရွှင်မှုတို့အချိုးညီနေတဲ့ခြေလှမ်းတွေကသူရှိရာ 𝐦𝐨𝐯𝐢𝐞 𝐜𝐥𝐮𝐛 ရဲ့𝐬𝐭𝐮𝐝𝐢𝐨
ဆီသို့လွတ်လပ်စွာဦးတည်သည်

အခန်းတံခါးကိုခေါက်လိုက်ပေမဲ့ တုန့်ပြန်သံတစ်စုံတစ်ရာမရှိသည်မို့ တံခါးကိုအသာတွန်းဖွင့်ရင်းအခန်းထဲတစ်ချက်ဝေ့ဝဲကြည့်မိသည်။
မည်သူမျှမရှိတာမို့သူမရောက်သေးဘူးထင်ပါရဲ့။

ချစ်မြတ်နိုးခြင်း၏ကြံအင်လက္ခဏာများထဲတွင်
စောင့်ဆိုင်းရခြင်းတွင်ပျော်ရွှင်နေမှုသည်လည်းတစ်ရပ်အနေနဲ့ပါဝင်လိမ့်မည်ထင်သည်။

အရှေ့မှာရှိတဲ့စားပွဲမှာဝင်ထိုင်လိုက်ပြီး လုပ်စရာကျန်နေသေးသော𝐩𝐫𝐨𝐣𝐞𝐜𝐭အတွက်ပြင်ဆင််နေရင်းထိုသူအားစောင့်နေရန်ဆုံးဖြတ်လိုက်သည်။
ဘာမှမစားလာရ၍ဝမ်းဗိုက်အတွင်းမှအသံတွေတစ်စွန်းတစ်စထွက်လာပါသော်လည်း ထိုသူကြိုက်နှစ်သက်ပါသည်ဟုဆိုလေ့ရှိသော
သူကိုယ်တိုင်လုပ်ထားသည့် 𝐬𝐚𝐧𝐝𝐰𝐢𝐜𝐡 နှင့် ကော်ဖီဘူးလေးအားဘေးမှာချထားရင်း
ထိုသူနှင့်အတူစားရန်စိတ်ကူးထဲမှပင်ကြိုတင်ကြည်နူးနေလျက် ဆာလောင်မှုအနည်းငယ်လောက်ကိုတော့သီးသန့်ပင်လျစ်လျူရှုစရာမလိုတော့ဘူးထင်ပါရဲ့။

𝐃𝐨𝐧'𝐭 𝐋𝐞𝐭 𝐌𝐞 ...... Where stories live. Discover now