ချစ်ခြင်းတစ်ခုတွင်နစ်ဝင်မိခြင်းသည်
ဆွတ်ပျံ့လှပလွန်းတဲ့ပန်းပွင့်ငယ်တွေဖြင့်တန်ဆာဆင်ထားတဲ့ပန်းလှောင်ချိုင့်တစ်ခုတွင်ပိတ်မိခြင်းနဲ့အလားတူသည်တဲ့ ....
လွတ်မြောက်ခွင့်ရပါလျှင်တောင် ထိုလှပဆွတ်ပျံ့မှုတွေကိုတပ်မက်နေမိသည်မို့ကိုယ်တိုင်မလွတ်မြောက်ချင်မိတော့သည်က
ထိုအရာ၏ဝါးမြိုခံလိုက်ရခြင်းပင်....ဟန်ဘင်းရဲ့တစ်နေ့တာသည် ထိုသူရဲ့ဝင်စွက်ဖက်မှုတစ်စုံတစ်ခုမရှိပါလျှင်အရာရာသည်ထူးခြားမှု အလျင်းမရှိသည့်ပုံမှန်ဆန်လွန်းသည့်နေ့ရက်များသာဖြစ်သည်။
ပုံမှန်နေ့တိုင်းအတန်းပြီးရင်အိမ်တန်းပြန်လေ့ရှိပြီး Friday လိုနေ့မျိုးမှာတော့ အိမ်နဲ့နီးတဲ့ cafeတစ်ခုမှာမိုးအတော်လေးချုပ်တဲ့အထိနောက်ကျမှအေအေးဆေးဆေးပြန်တတ်လေ့ရှိသည်။
ဒီနေ့သည်လည်း Friday ဖြစ်တာမို့ နောက်ဆုံးအတန်းချိန်ပြီးတာနဲ့လာနေကြ ဆိုင်လေးထဲကထိုင်နေကြ ထောင့်ကျကျအလင်းတအားမစူးတဲ့ဝိုင်းလေးမှာဝင်ထိုင်လိုက်ပြီး သောက်နေကျ အမေရိကာနိုတစ်ခွက်နဲ့ သူ့ရဲ့လုပ်ငန်းကိုစတင်ဖို့ပြင်လိုက်တယ်။
လွယ်အိတ်ထဲက ဗီဒီယိုကင်မရာကိုထုတ်လိုက်ပြီးကင်မရာထဲမှတ်တမ်းတင်ထားမိတဲ့နေရာအရပ်ရပ်ကမျိုးစုံသောပုံရိပ်တွေကိုပြန်လည်စိစစ်ပြီးလိုအပ်သလိုတည်းဖြတ်ရမည်ပင်
ပုံရိပ်တွေကိုစိစစ်နေရင်းမြတ်နိုးရတဲ့ပုံရိပ်လှလှလေးကပါလာပြန်တော့လည်းသူ့လှုပ်ရှားမှုတစ်ခုခြင်းစီတိုင်းရဲ့နောက်နှုတ်ခမ်းထောင့်စွန်းတို့ကမြင့်တက်ရပြန်သည်။
အကြိမ်ရေပေါင်းများစွာကြည့်မြင်ဖူးပါသော်လည်း ထိုပုံရိပ်များထံတွင်ပဲအချိန်အတော်ကြာကုန်ဆုံးလိုက်ရပြန်သည်။
YOU ARE READING
𝐃𝐨𝐧'𝐭 𝐋𝐞𝐭 𝐌𝐞 ......
Fanfictionᴅᴏɴ'ᴛ ʟᴇᴛ ᴍᴇ ɢᴏ... ᴅᴏɴ'ᴛ ʟᴇᴛ ᴍᴇ ᴄʀʏ... ♥︎ ʟᴇᴛ ᴍᴇ ʜᴏʟᴅ ʏᴏᴜʀ ʜᴀɴᴅs... ʟᴇᴛ ᴍᴇ ɪɴ ʏᴏᴜʀ ʜᴇᴀʀᴛ ... ♡ ʟᴇᴛ ᴍᴇ ʟᴏᴠᴇ ʏᴏᴜ