♡6♥︎

223 22 0
                                    

ချစ်ခြင်းတို့ဝန်းရံသောနေ့ရက်တို့ကိုချစ်ရသူနဲ့အတူကုန်ဆုံးရင်းပင်ဟန်ဘင်းရဲ့နေ့ရက်တွေကလှပနေခဲ့သည်။

ချစ်မြတ်နိုးပါသည်ဟူသောစကားလုံးတို့ကိုမဆိုခဲ့သော်ငြား ထိုသူသည်သူ့အားတွဲခဲ့သည့်အချိန်မှစ၍မျက်ရည်ကျစေရခြင်းအလျှင်းမရှိအောင်အပြည့်အဝချစ်သူရည်းစားတစ်ယောက်၏တာဝန်တို့ကိုကျေပွန်ခဲ့သည်ပင်

ထိုသို့ပြည့်စုံလွန်းပါသောသူကိုသက်ဆိုင်ခွင့်ရတော့မှအရင်ကဘာကြောင့်များကင်မ်ဂျီဝွန်းကိုမိန်းကလေးတွေကထိုမျှလောက်တပ်မက်နေခဲ့ကြသည်လဲဆိုတာကိုသဘောပေါက်ခါကိုယ်ခြင်းစာမိလာရသည်

အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင်သူကတော့ထိုမိန်းကလေးများထက်ပင်ဒီအမျိုးသားအားပို၍တပ်မက်မိသည်ပင်

မိုးကောင်းကင်ကဲ့သို့လက်လှမ်းမမှီနိုင်ခဲ့ပါသောချစ်ရသူသည် ရုတ်တရက်သူ့အပေါ်ပြိုဆင်းပေးခဲ့ပြီးနောက်မှာတော့အပြာရောင်သမုဒ္ဒရာအဖြစ်ကိုပြောင်းလဲသွားသည်ထင်ပါရဲ့

ထိုသူအပေါ်တိုးပွားလာပါသောချစ်ခြင်းဖြင့်တပ်မက်မှုတို့ကိုမဟာမိတ်ဖွဲ့ရင်း ရုန်းမထွက်နိုင်အောင်ပင် သမုဒ္ဒရာကြမ်းပြင်သို့ရောက်သည်ထိတရစ်ပြီးတရစ်ဆွဲငင်၍နစ်မြုပ်စေနေပြန်သည်။

ချစ်ရသူသည် အန္တရာယ်များလွန်းလှပါရဲ့~~~


'ဟန်ဘင်းနီး ဘာလုပ်နေလဲ?'

စာလုပ်နေသည်ဆိုသော်ငြားပျံ့နှံ့ကာလွင့်ပြယ်နေသောစိတ်အစဥ်တို့သည်ချစ်ရသူပေးပို့ပါသောစာတိုတစ်စောင်ရဲ့နိုတီသံတွင်အပြန်လည်စုစည်လာရသည်

' library မှာ စာလာလုပ်နေတာ'

ပြန်ပို့လိုက်တဲ့စာကိုဖတ်လိုက်ကြောင်းပြလာပေမယ့်
သူ့ဘက်ကဘာမှဆက်မပို့လာတာမို့နည်းနည်းတော့မကျေနပ်ချင်ဖြစ်သွားရမို့ စာထပ်ပို့ရန်စဥ်းစားလိုက်သော်လည်း ကိုယ့်ကိုယ်ကိုအရမ်းကလေးဆန်လွန်းနေပြီးလားဟူသည့်အတွေးတို့ဝင်လာသောကြောင့်ရစ်ချင်နေသောစိတ်တို့အားမျိုချထားလိုက်ရသည်။

အရင်ကဆောင်းဟန်ဘင်းသည်ထိုသို့မှမဟုတ်ပဲလေ
သူတော့အလိုလိုက်ခံရတဲ့ကလေးလိုဆိုးချင်တိုင်းကိုဆိုးမိနေတယ်ထင်ပါရဲ့

You've reached the end of published parts.

⏰ Last updated: Dec 10, 2023 ⏰

Add this story to your Library to get notified about new parts!

𝐃𝐨𝐧'𝐭 𝐋𝐞𝐭 𝐌𝐞 ...... Where stories live. Discover now