♡4♥︎

234 29 0
                                    

ခံစားရသမျှနာကျင်မှုတို့အားမျက်ရည်တို့အဖြစ်ကူးပြောင်းရင်းရှိုက်ကြီးတငင်ငိုနေခဲ့ပါသောဟန်ဘင်းကိုဂျီဝွန်းကရင်ခွင်ထဲပွေ့ဖက်ထားရင်းနှုတ်ဖျားမှတဖွဖွဆိုခဲ့တဲ့တောင်းပန်စကားတစ်ခုနဲ့နှစ်သိမ့်မှုတို့က သူရဲ့နာကျင်မှုတို့အားအမှတ်မရှိစွာပင်အလျင်ကုသနိုင်ခဲ့ပြန်သည်ပဲ

ထိုနေ့ကကိစ္စဖြစ်ပြီးနောက်မှာတော့ဂျီဝွန်းစီမှပြောင်းလဲမှုအချို့ကိုခံစားလာရသည်။
ကျောင်းပြန်ရင်သူ့ကိုအတန်းရှေ့ကစောင့်နေပြီးအိမ်ပြန်လိုက်ပို့ပေးတာမျိုး၊
အရင်လိုမိန်းကလေးတွေနဲ့အပြင်ထွက်ပြီးနေ့လည်စာသွားမစားတော့ပဲသူနဲ့အတူကျောင်းမှာစားပေးတာမျိုး၊
ပိတ်ရက်တွေမှာတောင်မုန့်တွေဝယ်ချလာရင်းသူနဲ့အတူတူအချိန်ကုန်ဆုံးပေးတာမျိုး

ရင်းနှီးလာတဲ့တစ်လျှောက်လုံးဟန်ဘင်းရဲ့ထိုနေ့ကလိုပုံစံကိုတစ်ခါမှမမြင်ဖူးတာမို့သူ့ကိုယ်သူအပြစ်ရှိသလိုခံစားမိတဲ့စိတ်ကြောင့်အခုလိုတွေလုပ်ပေးနေတယ်ဆိုတာသိပေမဲ့လည်း ဟန်ဘင်းအတွက်တော့မတောင်းဆိုဘဲရပါသောဒီအခိုက်အတန့်အားလုံးသည်မည်မျှပင်အဖိုးတန်နေသည်မှန်းပြောမပြတတ်လောက်အောင်ပင်ဖြစ်ရသည်။

နာကျင်ရပါသည်ကိုတောင်လက်မလွှတ်နိုင်ခဲ့ပါသောထိုလူသားအား အခုလိုမျိုးဆိုလျှင်ပိုလို့ပင်လောဘမတက်မိလာစေရန်မည်သို့ပင်ထိန်းသိမ်းရမည်ကိုမတွေးတတ်ပင်ဖြစ်လာရပြီမဟုတ်ပါလားလေ

ကင်မ်ဂျီဝွန်းတစ်ယောက်သူစိတ်ပြေအောင်ရက်အနည်းငယ်မျှလောက်သာထိုသို့ပြုမူတာဖြစ်လောက်မည်ဟုသာတွေးထင်ခဲ့ပါသော်လည်း ထူးဆန်းစွာပင်
ဂျီဝွန်းကသူ့အပေါ် လအချို့ကူးပြောင်းလာသည်အထိစိတ်ထိခိုက်စရာအနည်းမျှပင်မတွေ့ကြုံစေပဲ မျက်နှာတစ်ချက်အညှိုးမခံသည်ထိဂရုတစိုက်ရှိလွန်းနေတဲ့အခါ အလုံးစုံမပျော်ရွှင်နိုင်တော့စွာပင် တစ်ခုခုကထူးဆန်းနေသည့်စိတ်မတင်မကျမှုတို့ကဝင်ရောက်လာရသည်

ဒီပိတ်ရက်ကိုLotte World သွားချင်ပါတယ်ဆိုသောကင်မ်ဂျီဝွန်းရဲ့တောင်းဆိုချက်ကြောင့်အထဲကိုရောက်နေရပေမဲ့ကောင်းကင်ပေါ်မှာတလွှားလွှားနဲ့ဖြတ်သန်းနေတဲ့အရာတွေပေါ်အော်ဟစ်နေကြတဲ့လူတွေကိုကြည့်ရင်းအလိုလိုပင်ခေါင်းမူးချင်သလိုဖြစ်လာရသည်

𝐃𝐨𝐧'𝐭 𝐋𝐞𝐭 𝐌𝐞 ...... Where stories live. Discover now