♡3♥︎

242 29 6
                                    

ကုန်ဆုံးခဲ့သောအချိန်တစ်ပတ်တာတွင် သူ
ဂျီဝွန်းနဲ့မဆုံမိအောင်အတတ်နိုင်ဆုံးကြိုးစားပြီးနေခဲ့သည်။
ကျောင်းကိုလည်းအကိုဝမ်းကွဲတစ်ယောက်ရဲ့အခန်းမှာသွားနေပြီးတက်ခဲ့သလို သူ့စီမှပြုလုပ်ခဲ့သောဆက်သွယ်မှုတချို့ကိုပါမသိချင်ယောင်ဆောင်ထားခဲ့ရင်း ‌အရှိုးရာများစွာဖြင့်ဒဏ်ရာဒဏ်ချက်တို့ပြည့်နှက်နေပါသောနှလုံးသားအားအနည်းငယ်လောက်အနားယူစေသည်။

ထိုသို့ဆိုပါလျှင် ထိုသူအားအပြီးတိုင်သူ့ဘဝထဲမှထုတ်ပယ်ပြစ်ဖို့သည်ကတော့ သူ့ဘဝတွင်မစွမ်းဆောင်နိုင်ဆုံးကိစ္စပင်ဖြစ်လိမ့်မည်။

ချစ်ရသူအနီးမှာအတူရှိရင်းသူပေးသောနာကျင်မှုများကိုလက်ခံရယူရသည်က ထိုသူအားတွေ့ခွင့်မရတော့ပါပဲ ထိုသူ့အနားမှာအတူရှိခွင့်မရ‌တော့ခြင်းကြောင့်နှလုံးသည်းခြေတစ်ခုလုံးကြေမွပျက်သုဉ်းရတာထက်စာလျှင်တော့ တကယ့်က်ိုဘာမှမဟုတ်သည့်ကိစ္စတစ်ခုပင်မဟုတ်ပါလားလေ...

စိတ်ပြေလက်ပြောက်တစ်ပတ်လောက်ထပ်နေပြီးမှကိုယ့်အခန်းကိုယ်ပြန်နေဖို့တွေးထားတာမို့ ကျောင်းနဲ့အနည်းငယ်ဝေးတဲ့အကိုဖြစ်သူရဲ့နေရာကိုပြန်ဖို့မှတ်တိုင်မှာကားစောင့်နေတုန်းမှာပင် သူ့လက်တစ်ဖက်ကလူတစ်ယောက်ရဲ့ဖမ်းဆွဲခြင်းကိုခံလိုက်ရသည်။

သူ တကယ်ပဲ ကင်မ်ဂျီဝွန်းလက်ကနေတစ်ပတ်လောက်တောင်ကောင်းကောင်းမလွတ်နိုင်ပါလားလေ။

မတွေ့ရတာတစ်ပတ်တောင်ရှိသွားပြီဖြစ်တဲ့မျက်နှာချောချောက သူအမှားတစ်ခုမှမရှိပဲ
ဟန်ဘင်းကပင်တစ်ခုခုလုပ်ထားမိသလို
တင်းမာလျှက်

"ဆောင်းဟန်ဘင်း!!! မင်း ဒါဘာလုပ်တာလဲ"

ဟန်ဘင်းမည်သည့်အဖြေမှပြန်မပေးပါပဲ
ငြိမ်သက်လျှက်သာသူ့အားပြန်ကြည့်နေလိုက်တဲ့အခါ ပို၍ပင်ဒေါသထွက်လာသယောင်ထင်ရသောထိုသူသည် ဟန်ဘင်းအားဆောင့်ဆွဲပြီးပုခုံးနှစ်ဖက်ကိုဆုတ်ကိုင်လိုက်ရင်း

"ဆောင်းဟန်ဘင်း!!
မင်း ဒါဘာလုပ်တာလဲလို့ ငါမေးနေတာလေ"

ဂျီဝွန်းကပုခုံနှစ်ဖက်ကိုကြမ်းတမ်းစွာလှုပ်ရမ်းပြီးမေးနေသော်လည်း ဟန်ဘင်းကတော့
ငြိမ်သက်စွာနဲ့အဖြေမဲ့နေဆဲပင်

𝐃𝐨𝐧'𝐭 𝐋𝐞𝐭 𝐌𝐞 ...... Where stories live. Discover now