♡5♥︎

236 23 2
                                    

ဝန်းကျင်တစ်ခုလုံးအအေးဓာတ်တို့စတင်၍ကြီးစိုးနေပြီဖြစ်ပေမဲ့ အဝါရောင်ဆွယ်တာလေးနဲ့ တပ်ထားတဲ့နားကြပ်ထဲကထွက်ပေါ်လာသောသံစဉ်တို့အားလိုက်ပါဆိုညည်းရင်းတောက်ပလွန်းတဲ့အပြုံးတို့အားဆွဲချိတ်ထားပါသောနေကြာပန်းလေးတစ်ပွင့်ကတော့နေရောင်ခြည်ရဲ့အနွေးဓာတ်တို့အပြည့်အဝရနေသည်ထင်ပါရဲ့
ရွှင်လန်းစွာပွင့်လန်းနေသည်လေ....

မနက်ပိုင်းအတန်းချိန်မရှိသော်လည်းမြူးထူးသောစိတ်တို့ဖြင့်ပင်ကျောင်းကိုစောစောထွက်လာမိသည်။
ချစ်ရသူကအတန်းချိန်ရှိသည်မလား အကဲပိုသည်ပဲဆိုဆို ချစ်ရသူ၏သက်ဆိုင်သူရယ်လို့ တံဆိပ်ကပ်ခွင့်ရသည်မှစ ချိုးနှိမ်ခဲ့ရသောခံစားချက်တို့အားလွတ်လပ်ခွင့်ပေးလိုက်သည်မို့ ထိုသူ၏မျက်နှာ‌ ချောချောအားအမြဲမြင်ချင်နေသောစိတ်တို့သည်ပိုမို၍ကြီးထွားလာရသည်မှာ အိပ်ရမှာတောင်နှမြောမိသည်အထိပင်ဖြစ်ရသည်။

ရုတ်တရက်ဆန်လွန်းသောဖွင့်ဟချက်ဖြစ်သည်မို့ယုံနိုင်ဖိို့ခဲယဥ်းခဲ့သော်ငြား အတောင့်တခဲ့ဆုံးသောအရာမဟုတ်ပါလား နှစ်တွေအများကြီးလှည့်မကြည့်ခဲ့သည်ကိုတောင်နာကျင်စွာဆုတ်ကိုင်ထားနိုင်ပါလျှင်
လှည့်ဖြားသည်ဆိုဦးတော့ တခြားသူတစ်ယောက်ကိုရင်ခွင်ထဲထွေးပိုက်ထားသည်ကိုငေးကြည့်နေရသည်ထက် ချစ်ရသူ၏သက်ဆိုင်သူအဖြစ်ကောင်းမွန်စွာဖြတ်သန်းရမည့်အချိန်တွေကိုပင်ခုန်မင်စွာရွေးချယ်မည်ပင်
ထိုသူနှင့်လှပတဲ့ချစ်ခြင်းတစ်ခုကိုတည်ဆောက်ရန်မှာသူ့အိပ်မက်မဟုတ်ပါလား

အကျွမ်းတဝင်ရှိလှသောရေမွှေးနံ့သင်းသင်းလေးနဲ့အတူ ခါးကိုသွယ်ယှက်လာတဲ့လက်တစ်စုံ

"ရောက်နေတာကြာသွားပြီလား ဘင်းနီး ဟင်"

ခပ်တိုးတိုးထွက်ပေါ်လာသောစကားသံရှရှကြောင့်လည်တိုင်အားရိုက်ခတ်လာပါသောလေငွေ့နွေးနွေးတို့သည် ထိုသူအတွက်ဆန်းကြယ်မည့်အရာမဟုတ်ပေမဲ့သူ့အတွက်တော့ရင်တစ်ခုလုံးစစ်ဖြစ်နေသလိုဗြောင်းဆန်နေမှုကိုခံစားရသည်။

"သိပ်တော့မကြာသေးပါဘူး ခုနကမှရောက်တာ"

ရင်ခုန်မှုတို့အပြင်အနည်းငယ်ရှက်ရွံ့မှုတို့ဆွတ်သောကြောင့်အတောင့်လိုက်ကလေးဖြစ်နေတဲ့ခန္တာကိုယ်လေးရယ် ဖက်ထားရင်းဖြင့်အနောက်ကမြင်နေရပါသော ခပ်ရဲရဲနားရွက်ကလေးတွေကိုကြည့်ရင်းအသည်းတယားယားရှိလှသည်မို့ ထိုနားရွက်ရဲရဲလေးတွေကိုတတိတိကိုက်ပစ်ချင်စိတ်တို့ဖြစ်လာရသည်။
ထိုစိတ်ကိုလက်တွေ့တွင်အကောင်အထည်ဖော်မိလျှင်ရက်ပိုင်းမျှသာသက်တမ်းရှိသေးသောရည်းစားအသစ်စက်စက်ကလေးစိတ်ထဲတစ်မျိုးတစ်မည်ဖြစ်သွားနိုင်တာမို့ မျိုချရင်းနဲ့ပဲမျက်နှာချင်းဆိုင်ခုန်မှာဝင်ထိုင်လိုက်ရတယ်။

𝐃𝐨𝐧'𝐭 𝐋𝐞𝐭 𝐌𝐞 ...... Where stories live. Discover now