# Unicode #
ဈာပနပွဲပြီးသွားလို့ သူတို့လေးယောက်လုံးဂျောင်ဂု အိမ်မှာ ရောက်နေကြသည်။ဧည့်သည်တွေကတော့ အကုန်ပြန်သွားကြပြီ
" ဂျောင်ဂု..မင်း တစ်ယောက်တည်းနေလို့အဆင်ပြေပါ့မလား.."
ဆော့ဂျင်က မိဘတွေ ဓာတ်ပုံကို ငေးနေတဲ့ ဂျောင်ဂုကို မေးလိုက်တော့ ဂျောင်ဂုက သူ့ကို ခေါင်းပြန်ငြိမ့်ပြလာ၏။
" ဂျွန်လေး အဆင်ပြေပေမဲ့ အစ်ကို စိတ်မချဘူး! "
သူတို့ရှိရာ အခန်းထဲဝင်လာပြီး အေးဆေးစွာပြောလာတဲ့ ကင်မ်နမ်ဂျွန်း..
" ကျွန်တော် တစ်ယောက်တည်း တကယ်နေလို့အဆင်ပြေပါတယ် ကိုကြီး.."
" ဂျွန်လေးတို့ နေတဲ့ တိုက်ခန်းက မကြာခင် ပြန်အပ်ရတော့မှာမလား...ပြီးတော့ ဂျွန်လေးက အသက်လည်းမပြည့်သေးသလို ကျောင်းလည်းတက်နေရတုန်းလေ..."
သူ့စကားကြောင့် ဂျွန်လေး တစ်ချက် တွေဝေသွား၏။
" ဟုတ်တယ် ဂျောင်ဂု မင်း ဒီက အစ်ကိုနဲ့ လိုက်နေသင့်တယ်..."
ဂျီမင်ကလည်းပြောတော့ ကျန်တဲ့ ဂျောင်ဂု သူငယ်ချင်းတွေကလည်း ခေါင်းတငြိမ့်ငြိမ့်...နဲ့ ထောက်ခံကြသည်။
" ပြီးတော့..ဂျွန်လေး သိတယ်မလား...အန်တီတို့ ဘာကြောင့်ဆုံးတာလဲဆိုတာကို.."
နမ်ဂျွန်းက ဂျောင်ဂုရဲ့ မျက်လုံးထဲကို စိုက်ကြည့်ပြီး ပြောလိုက်တော့ ဂျောင်ဂုက မျက်လွှာလေးချကာ ခေါင်းငြိမ့်ပြ၏။
ဂွန်းဟူတို့ကတော့ သူတို့ညီအစ်ကိုနှစ်ယောက်ပြောတာကို နားမလည်သဖြင့် အူကြောင်ကြောင်ဖြင့်သာကြည့်နေကြသည်။
" ဂျွန် သိပါတယ် ကိုကြီး...ဒါပေမဲ့ ဂျွန့်ကြောင့် ကိုကြီး ဒုက္ခများမှာ စိုးလို့ပါ.."
အသံတိုးတိုးတိမ်တိမ်လေးနဲ့ ပြောလာတဲ့ ဂျွန်လေးက သူ့ကို ဒုက္ခမရောက်စေချင်မှန်းသိသာလှ၏။
" ဂျွန်လေး ကိုကြီးပြောပြမယ်...ဂျွန်လေးကို စောင့်ရှောက်ပေးရလို့ ကိုကြီး ဒုက္ခမများဘူး...ပြီးတော့ ဂျွန်လေးက ကိုကြီးနဲ့ တစ်စုံတစ်ဦးရဲ့ အရိပ်အောက်မှရှိရင် လုံခြုံတယ်.."
YOU ARE READING
A Lover of Mafia ( Complete )