# Unicode #
" သခင်ကြီး...အဲ့ အေ့! ဝိုင်က သောက်လို့ ကောင်းလား! "
ဂျီမင် မရှိဝောာ့လို့ ဝိုင်းက တိတ်သွားမလား မအောင်းမေ့ပါနဲ့ ဂျောင်ဂုရှိသေးတယ်လေ...အခုလည်း ထယ်ယောင်းလက်ထဲက ဝိုင်ခွက်ကို လက်ညိုးထိုးပြီး မေးလာတာကြောင့်..
" ကောင်းတယ် ... ဒါပေမဲ့ နည်းနည်းပြင်းတယ်"
" သောက်ကြည့်မယ်.."
ထယ်ယောင်းလည်း ရစ်နေမှာဆိုးလို့ လက်ထဲက ဝိုင်ခွက်ကို ပေးလိုက်သည်။
" အေ့! သောက်ကြည့်ပြီနော်.."
ဝိုင်ခွက်လက်ထဲရောက်တာတောင် မသောက်သေးဘဲ သူ့ကို ပြပြီး သောက်မယ်ပြောနေတာကြောင့် ခေါင်းသာ ငြိမ့်ပြလိုက်၏။
မျက်လုံးလေးပြူးကာ ဝိုင်ခွက်ကို ကလေးလေးတစ်ယောက် မစားဖူးတာကို စူးစမ်းပြီးစားနေသလို လုပ်နေတဲ့ ပုံစံလေးကြောင့် သခင်ကြီး ရင်ထဲမှာ လှိုင်းဂယက်တွေ ထသွားတာ အမှန်ပင်..." အော့! ဖွီ~..သောက်လို့လည်း မကောင်းဘူး...ဘာကြောင့် ကျွန်တော့်ကို လာသောက်ခိုင်းတာလဲ သခင်ကြီးရဲ့.."
သောက်ပြီးသားဝိုင်တွေကို ထွေးထုတ်ပြီး သူ့ဘာသာ သောက်ချင်လို့ ပေးရတဲ့ ထယ်ယောင်းကို ပြန်ပြီးရန်စွာနေတဲ့ ဂျောင်ဂု..
" မင်းသောက်ချင်တယ်ဆိုလို့ ငါက ပေးရတာလေ.."
" အရသာမကောင်းရင် အရသာမရှိဘူး မသောက်နဲ့ baby လို့ပြောလေ...ဟင့်! အခုတော့ သူများလျှာလေး ခါးလိုက်တာ ဘီယာထက်တောင် အရသာဆိုးသေးတယ်..."
" ဂျောင်ဂု လာ! မင်းမူးနေပြီ ငါ မင်းနေရာမဲ့နေရာလိုက်ပို့မယ်နော်..."
YOU ARE READING
A Lover of Mafia ( Complete )