# Unicode #
" စောင်ကို ဖုံးပြီးးး baby ကို ကုတင်ပေါ်မှာ အပေါ်ကနေ ကိုယ်ဖိ ရင်ဖိ တက်အုပ်မှာ!! "
" ရားးးး ကင်မ်ထယ်ယောင်း သေနာကြီးးး အစုတ်ပလုတ်! အင့်ဟာ!! "
" ခွပ်!! "
" အာ့! ငါ့..ငါ့ နှာခေါင်း.!! "
ဒေါသထွက်ထွက်နဲ့ ခေါင်းကို နောက်ဆုတ်ပြီး ခပ်ပြင်းပြင်းလေးတိုက်လိုက်၏။ဂျောင်ဂုက ထယ်ယောင်း ပေါင်ပေါ်မှာမလို့ ဘာမှလုပ်လို့မရတာကြောင့် ခေါင်းနဲ့တိုက်လိုက်တာပင်...
ဒါပေမဲ့ သခင်ကြီးက လက်တစ်ဖက်က ဂျောင်ဂုခါးကို အဖက်မပြတ်ဘဲ ကျန်တစ်ဖက်က နှာခေါင်းကို အုပ်ထားသည်။
" အားးး baby ရာ..နာလိုက်တာ နှာခေါင်းရိုး ကျိုးပြီလားမသိဘူး.."
နှာခေါင်းကို အအုပ်မပျက်ဘဲ ပြောလာတဲ့ သခင်ကြီး..ဘယ်သူက အုန်းသီး ခေါင်းနဲ့ အတိုက်ခံရတာကို သက်သက်သာသာ ပြောနိုင်ပါ့မလဲ
" ကျိုးပါစေ..ခင်ဗျားလို အကြီးစား နှာဗူးက အဲ့တာနဲ့ဘဲ တန်တယ် !! လွှတ် ! ကျွန်တော့်ကို အခု !! "
ထယ်ယောင်း ပေါင်ပေါ်မှာထိုင်ပြီး ဆူပုတ်ပုတ်နဲ့ ပြောလာတဲ့ ဂျောင်ဂု...
ယွန်ဂီတို့ကတော့ အများကြောက်ရတဲ့ သူတို့ သခင်ကြီး ဖြစ်အင်ကို ကြည့်ပြီး ယင်ကောင်ဝင်ဥလို့ရအောင် ပါးစပ်ကြီးတွေဟလို့ ..
" အားးး ဟင် ! သွေးတွေ.."
နှာခေါင်းမှာ အုပ်ထားတဲ့ လက်ကို ဖယ်လိုက်တော့ လက်ကို ပေလာတဲ့ သွေးတွေကိုကြည့်ပြီး ပြောလိုက်သည်။
သခင်ကြီး စကားကြောင့် အားလုံးက ထိတ်လန့်သွားပြီး သခင်ကြီးကို ကြည့်လိုက်တော့ နှာခေါင်းတစ်ခုလုံး ညိုမဲစွဲသွားပြီး သွေးတွေ စီးကျနေတာပင်...
" အားးးး ဦးးးရေ သွေးတွေ!!! ဂျီကြောက်တယ်...ကြောက်တယ်.."
ယွန်ဂီရဲ့ ရင်ခွင်ထဲ မျက်နှာအပ်ကာ ခါးကို တင်းနေအောင်ဖက်ပြီး ပြောလာတဲ့ ဂျီမင်ကြောင့် ယွန်ဂီမှာ ဂျီမင်ကိုဘဲ ပြန်ဖက်ထားရမလား...သွေးထွက်နေတဲ့ သခင်ကြီး နှာခေါင်းကိုဘဲ သွားပိတ်ပေးရမလား ဝေခွဲမရ...
YOU ARE READING
A Lover of Mafia ( Complete )