Part -38

3.1K 148 94
                                    

# Unicode #

ကိုယ်ဝန်ဆောင်ချိန် ငါးလအတွင်းမှာ သခင်ကြီးကို ဂျောင်ဂုက ပြန်ထိန်းရင်းနှင့်ပင် ဖြတ်သန်းခဲ့၏။အခုဆို ငါးလ ထဲ ဝင်နေပြီ ဖြစ်တဲ့ ဗိုက်ပူပူလေးက အထိုင်အထလည်း မသက်သာသလို ခြေထောက်လေးတွေလည်းဖောရောင်နေတတ်သည်။

ညတိုင်း ထယ်ယောင်းက အိပ်ခါနီး ရေနွေးလေးနဲ့ ခြေထောက်ဆေးပေးသလို ဗိုက်ပူပူလေးကို သံလွင်ဆီလိမ်းပေးကာ မအိပ်ခင် ကလေးလေးကို စကားပြောပေးတတ်၏။ထိုအချိန်တွေက တကယ့် မိသားစုအငွေ့အသက်နဲ့ ပျော်စရာ အချိန်တွေပင်...

ကိုယ်ဝန်လရင့်နေပြီမို့ ဂျောင်ဂုက ကျောင်းစာကို အိမ်မှာသာ အွန်လိုင်း စနစ်ဖြင့်သင်ယူသဖြင့် စာမေးပွဲ ဖြေပြီးထားတာ မကြာသေးပေ...

အထက်တန်းလည်းပြီး ကလေးလည်းရမို့ သူငယ်ချင်းတွေထဲမှာ သူက အထူးဆန်းဆုံးပင်...‌အတန်းပညာဘွဲ့ မရသေးဘဲ လင်ဘွဲ့ သားဘွဲ့ရတာ သူပင်..

မကြာခင် ကလေးမွေးတော့မှာမို့ ကိုကြီးတို့လင်လင်တွေရော တခြားလင်လင် အတွဲတွေပါ သူတို့အိမ်မှာ လာနေပေးကြတာ နှစ်ပတ်လောက်ရှိပြီ..မှော်ကျောက် ထွက်ပေါ်လာချိန်မို့ မကောင်းတဲ့ အငွေ့အသက်တွေ ဝန်းရံနေပေမဲ့ အစ်ကိုဟိုဆော့တို့က စံအိမ် အတွင်းရော အပြင်ပါ အစီမံတွေ ချထားပေးတာကြောင့် ဘေးကင်းနေ၏။

ရိုင်လီ့ ရဲ့ အန္တရာယ်မရှိဝောာ့ပေမဲ့ သူ့ဆီက မှော်ကျောက်ကို လိုချင်တဲ့ သူများကတော့ ချဉ်းကပ်မြဲသာ...

အဲ့တော့ ဆေးရုံမှာ ကလေး မီးဖွားဖို့ဆိုတာ မဖြစ်နိုင်သဖြင့် အိမ်မှာသာ မွေးဖို့ စီစဉ်ထားကြသည်။သားဖွားခန်းလို ပုံစံမျိုး အခန်းသစ်ထပ်ဖွဲ့ထားကာ..အရင်တစ်ခါ ဂျောင်ဂုနဲ့ သခင်ကြီး ပထမဆုံး sex ဖြစ်ပြီး မေ့လဲတဲ့ နေ့က ကုပေးတဲ့ အူကြောင်ကြားဆရာဝန်ကိုသာ အိမ်ကို ခေါ်ထား၏။ထိုဆရာဝန်က ထယ်ယောင်းကို အသေကြောက်သူမို့ မဟုတ်တာမလုပ်နိုင်မှန်း သိသဖြင့် ထယ်ယောင်းက ရွေးချယ်ခဲ့တာပင်...

ဂျောင်ဂုတို့ ဂျီမင်တို့နဲ့ လေးယောက်နဲ့ ထိုဆရာဝန်ကတော့ အဖွဲ့ကျ၏။ငါးယောက်ပေါင်းပြီး..တဟီးဟီး တဟားဟားနဲ့ သခင်ကြီးတို့ကို မြင်ရင်တော့ သူတို့မဟုတ်သလို တည်ငြိမ်သွားတတ်သည်။

A Lover of Mafia ( Complete )Where stories live. Discover now