# Unicode #
" သူ့အကြောင်းသိပြီလား."
" ဟုတ်ကဲ့ ဒုချုပ် "
ဆေးပေါ့လိပ်ကိုအငွေ့တလူလူထွက်အောင်ဖွာပြီး မျက်ခုံးနည်းနည်းကျုံကာ မျက်လုံးမှေးထားတဲ့ ဒုချုပ်ကလည်း မိန်းကလေးတွေရဲ့ အသည်းစွဲပင်...
" ပြောပြ!!"
ဆေးလိပ်ကို ပြာခွက်ထဲထည့်ပြီး မီးဖိသတ်ကာ ဆိုဖာပေါ် ခြေချိတ်ထိုင်လိုက်တဲ့ ဒုချုပ်..
" နာမည်- မင်ဂွန်းဟူ..အသက် ဆယ့်ခုနစ်နှစ်...မိဘတွေက..မင် group ကပါ..အဖေက ဘီတာ..အမေက အိုမီဂါ..ကောင်လေးကလည်း အိုမီဂါပါ..ပြီးတော့ AOB national school မှာ အထက်တန်းနောက်ဆုံးနှစ်တက်နေတာပါ.."
" ဟုတ်ပြီ..အဲ့ကောင်လေးကို ငါလိုချင်တယ်..တစ်ပတ်အတွင်း..ဘာဆက်လုပ်ရမလဲဆိုတာ သိတယ်မလား.."
သူပြောတော့ ခေါင်းငြိမ့်ပြီး အရိုအသေပေးကာထွက်သွားတဲ့ လူ..
ဇီဇဝါငယ်လေးက သူ့ရဲ့ စိတ်အစုံကို ဖမ်းစားထားတာကြောင့် ဇီဇဝါငယ်လေးကို သူ့အနားမှာထားဖို့ ဆုံးဖြတ်ကာ ဇီဇဝါ ငယ်လေးအကြောင်းစုံစမ်းခိုင်းထားတာပင်..
* မောင့်ရဲ့ ဇီဇဝါငယ်..လူကြမ်းပေမဲ့ မင်းအတွက်ချစ်တတ်တဲ့၊ မင်းတစ်ယောက်တည်းအတွက် နူးညံ့တတ်တဲ့အသည်းနှလုံးရှိတဲ့ မောင့်ရဲ့ နှလုံးသားထဲမှာ အမြဲနေဖို့ပြင်ထားပါ..*
~
~
~
" ဒါဆို အစ်ကိုက အဲ့ကောင်လေးကို သူ့မိဘတွေဆီက တောင်းယူမယ်ပေါ့.."
" မဟုတ်ဘူး! အသိပေးပြီးယူမှာ ထယ်! တောင်းယူတာက မပေးရင်မရဘူး..အသိပေးတာက ကိုယ့်ယူတာ သူတို့သိရင် ရပြီဆိုတဲ့ အဓိပ္ပာယိဘဲ.."
Hope ဇီဇဝါငယ့်ကို သူ့မိဘတွေဆီက လက်ထပ်ယူဖို့ ကိစ္စ ထယ်ယောင်းကို ပြောနေတာပင်..ဘာဘဲဖြစ်ဖြစ်..သူ့ညီတစ်ဝမ်းကွဲမို့ ဘာမှဖုံးကွယ်မထားချင်..
" အွန်း..ကျွန်တော်က အိုမီဂါတွေကို မုန်းတာ အစ်ကို သိတယ်နော်..ဒါပေမဲ့ အစ်ကို့ရဲ့ mate မို့ ကျွန်တော် ဘာမှ မပြောတော့ဘူး...ဒါပေမဲ့ အစ်ကို့ ကောင်လေးကို ကျွန်တော့် စံအိမ်ထဲ ခွင့်ပြုချက်မရှိဘဲ မလာပါစေနဲ့ ပြီးတော့ အစ်ကိုနဲ့ ကောင်လေးကို ကောင်လေး မိဘတွေက သဘောမတူရင် အစ်ကိုကြိုက်တာကိုလုပ် အကို့နောက်မှာ ကျွန်တော်ရှိတယ် !"
![](https://img.wattpad.com/cover/350246027-288-k419064.jpg)
YOU ARE READING
A Lover of Mafia ( Complete )