မနက်ခင်းလေးဟာသာယာသည်...သို့သော်မသာယာသည်ကတော့ Fourth Nattawat!
"ပြောတော့..တစ်ခါတည်းပါဆို..?"
ခေါင်းအုံးပေါ်မျက်မှာအပ်ရင်းအံကြိတ်သံဖြင့်သူပြောလိုက်သည်...မနေ့ညကတစ်ခါတည်း..တစ်ခါတည်းနှင့် တစ်ညလုံးကျုံးသွားတဲ့တဏှာကောင်အားမကျေနပ်ပေ...ဘယ်နှယ့် သူမခံရတိုင်း!
"အဲ..ကျတော်တောင်းပန်ပါတယ် ညကစိတ်မထိန်းနိုင်တာနဲ့.."
ခုတင်ပေါ်တွင်ဒူးထောက်ထိုင်လျက်ခေါင်းအုံးဖက်ကာတောင်းပန်နေသောသူ
"နတ်သားမျက်နှာနဲ့တစ်ကယ့်ကိုဘီလူးဘဲ!"
"ကျတော်ကငယ်သေးလို့ပါ မသိလို့တောင်းပန်ပါတယ်!"
တဏှာနတ်သား၏စကားကြောင့်ခေါင်းအုံးထဲမျက်နှာအပ်ထားရာမှတဏှာကောင်ဘက်သို့ဒေါသမီးတောက်လောင်စွာလှည့်ကြည့်လိုက်ရင်း..
"အဲ့ဒီတော့..ငါကအသက်ကြီးပြီလို့ပြောချင်တာလား!!"
"မဟုတ်ပါဘူး~"
စိတ်ပျက်သလိုသက်ပြင်းချလိုက်ရင်း တဏှာနတ်သားနှင့်ဆန့်ကျင်ဘက်သို့လှည့်လိုက်သည်...
"ချီး! ငါကအခုဂျူနီယာလေးနဲ့ကုတင်ပေါ်မှာတဲ့..ကြားလို့တောင်မကောင်းတော့ဘူး!"
"ကျတော်fotကိုပိုင်ဆိုင်ဖို့ဘာလုပ်ပေးရမလဲ ပြော! ကျတော်အကုန်လုပ်မယ်ဗျာ"
ထိုကောင်လေး၏အသံခပ်တိုးတိုးစကားအဆုံးတွင် သူအံ့ဩမှင်သက်သွားရသည်..ဘာတဲ့ ပိုင်ဆိုင်ဖို့ဆိုဘဲ!!
"မင်းပြောတာနော် Gem!"
တဖက်သို့ပြန်လှည့်ရင်းငိုက်စိုက်ကျနေသောမျက်နှာအားကြည့်ကာပြောလိုက်တော့ချက်ချင်းပင်မျက်နှာဟာလင်းလက်သွားလျက် ခေါင်းတသွင်သွင်ငြိမ့်ကာ..
"အင်း..ကျတော်ပြောတာ ကျတော့်ကိုပြော!"
"မင်းလိုချင်တာကိုမင်းယူပေါ့?"
"ကျတော်လိုချင်တာ?"
သူ့စကားကိုကြားတော့တဏှာနတ်သားဟာမှောင်မိုက်နေသည့်အတွေးများဖြင့်တွေးနေသည်မှာ အတောင်ပံအဖြူရာင်ကနေအနက်ရောင်ပြောင်းတော့မည့်ပုံရိပ်ကိုမြင်နေရသည်..
YOU ARE READING
Actor Lover ♪
FanfictionGemini x Fourth Satang x Winynny ကဲကဲ နှစ်တွဲလုံးကိုဖတ်ချင်တဲ့အသဲအသက်တွေများနေလို့ ပေါင်းရေးပေးလိုက်ပါတယ် အရေးအသားမှားရင်ခွေးလွှတ်ပေးကြပါ🐭💓