17🎬

585 35 20
                                    

တောင်ပေါ်တစ်နေရာကနေကြည့်ခွင့်ရတဲ့ညအလှအချိန်အခါ..

"satang ~"

"ဟင်"

အိမ်ရှေ့ရှိခုံတန်းရှည်လေးတွင်ထိုင်ကာ ကြယ်များကိုငေးကြည့်နေရင်း ဘေးနားမှထွက်လာသည့်ကောင်ငယ်လေး၏ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။

"မင်း...ရည်းစားထားဖူးလား"

"ဟင့်အင်း"

ဒါဟာကောင်ငယ်လေး၏မေးခွန်းလာလာချင်းမတုံ့မဆိုင်းဘဲပြန်ပေးခဲ့မိတဲ့ အတိကျဆုံးအဖြေတစ်ခုသာ~

"‌ဒါဆို တစ်ယောက်ယောက်ကိုရောချစ်ဖူးလား"

ကောင်ငယ်လေးဟာသူ့ကိုသိပ်လှသည့်မျက်ဝန်းလေးများဖြင့်ကြည့်ကာမေးခွန်းထုတ်လာသည်...

"အင်း~အရင်ကတော့မချစ်ဖူးခဲ့ပေမဲ့ တစ်စုံတစ်ယောက်ကိုတွေ့ပြီးတဲ့နောက်ပိုင်း ငါအချစ်စစ်ကိုရှာတွေ့ခဲ့တယ်"

သိပ်ကိုလှပလွန်းသည့်မျက်ဝန်းတစ်စုံအားစိုက်ကြည့်ရင်း ပြောလိုက်တော့ နားဖျားလေးများဟာရဲတက်သွားခဲ့သည်...

"Win~"

နှစ်ကိုယ်ကြားလေသံလေး‌ဖြင့်ခေါ်ဆိုလိုက်တော့ကောင်ငယ်လေးဆီက *ဟင်*ဆိုသည့်အလွန်တိုးလျသောထူးသံငယ်လေးကိုကြားလိုက်ရသည်..

"ငါမင်းကိုချစ်တယ်"

မျက်ဝန်းလှလှပိုင်ရှင်လေးအားရီဝေစွာကြည့်လိုက်ရင်း နူးညံ့လှသည့်ပန်းဆီရောင်နှုတ်ခမ်းသားလေးအားဖိကပ်နမ်းရှိုက်လိုက်သည်...အလိုက်သင့်တုံ့ပြန်လာသည့် တုံ့ပြန်ချက်လေးနှင့်အတူ ပုခုံးပေါ်သို့ရောက်ရှိလာသော လက်လှလှလေးများ..... ကောင်ငယ်လေး၏ခါးသွယ်သွယ်လေးအားဖက်တွယ်ကာအနားသို့ဆွဲယူလိုက်ရင်း ရူးသွပ်စွာနမ်းရှိုက်ခဲ့သည်...သရေတွေစီးကျလာခဲ့ပြီး ကောင်ငယ်လေးအောက်ဆီဂျင်ပြတ်ထွက်သွားခဲ့တဲ့အထိပေါ့...

__________________
"နော် ကိုယ့်ကိုစဉ်းစားပေးလေ အချစ်ရယ်"

"မသိဘူးကွာ မသိဘူး"

ညတုန်းက အနမ်းတွေကိုအလိုကျတုံ့ပြန်ခဲ့ပြီး မနက်ရောက်တော့ ချစ်တယ်ဟူသောအဖြေလေးပြန်တောင်းသည်ကို *မသိပါဘူး* ဟုသာဆိုနေသော ကောင်ငယ်လေးကြောင့် သူငိုချင်စိတ်တွေပေါက်လာရသည်။

Actor Lover ♪Where stories live. Discover now