14🎬

597 51 24
                                    

"Win..Win!"

"ဟင်~"

အိပ်ချင်မူးတူးပုံစံလေးဖြင့်နိုးလာသည့်ကောင်ကလေးကသိပ်ကိုချစ်စရာကောင်းသည်~

"ငါတို့ဒီကနေလမ်းလျှောက်တက်ရမယ် ထင်တယ် ကားကဝင်လို့မရဘူး"

"အမ်..အွန်း သွားမယ်လေ"

ကားပေါ်ကဆင်းကာ လွယ်အိတ်ကိုယ်စီလွယ်လိုက်ကြပြီးနောက် တောင်ပေါ်ရှိဖာပန်းဒေါင်းရွာလေးအားသွားရန်ချီတက်လာခဲ့ကြပါတော့သည်...

...................
"Satang ဒီမှာခနရပ်မယ်လေ နော် ငါတစ်ကယ်မောနေပြီ"

ဟောဟဲစိုက်ကာအသံဖျော့ဖျော့လေးဖြင့်ပြောလာသောချစ်စရာအကောင်ပေါက်လေးအား ရေဗူးကမ်းပေးလိုက်ရင်းထိုကောင်လေးအလိုကျ အရိပ်ရသည့်တစ်နေရာတွင်ဝင်နားလိုက်သည်...

"မင်းဆက်လျှောက်လို့အဆင်ပြေပါ့မလား Win"

ရေဘူးဖြင့်မျက်နှာတွေပါသစ်ချနေသောကောင်ကလေးအားမေးလိုက်တော့ ခေါင်းခါပြသည်...

"ရပါတယ် ငါအဆင်ပြေတယ် ဟီးဟီး"

သွားတန်းလေးများပေါ်အောင်ရီပြလာသည့်ကောင်ကလေးမှာသိပ်ကိုမြတ်နိုးစရာကောင်းသည်....မင်းအပေါ်တိုးပြီးရင်းတိုးလာတဲ့အချစ်တွေကိုမင်းမြင်နိုင်ပါ့အုန်းမလား Win~

"ခနနော် ငါရဲ့အကိုဝမ်းကွဲက ဖာပန်းဒေါင်းမှာ ‌ညွှန်ကြားရေးခေါင်းဆောင် ငါသူ့ကိုဆက်သွယ်ကြည့်မယ် ရတော့လည်းငါတို့ရဲ့ကံပေါ့"

သူစကားကြောင့်မောဟိုက်နေသည့်ကောင်ကလေး၏မျက်နှာလေးဟာဝင်သလက်လာခဲ့သည်...သူ့ကိုကြည့်နေသောကောင်ကလေးအားပြုံးပြလိုက်ရင်း ဖုန်းကိုထုတ်ကာ လိုင်းမိမမိကြည့်လိုက်သည်...ကံကော်ငးထောက်မစွာနှင့်ပင် လိုင်းဟာမိနေလေသည်...ပြုံးပျော်ရင်း တစ်ခါနှစ်ခါသာဆက်သွယ်ရသေးသော *P' Earth🌍*ဟူသည့် connect လေးအားနှိပ်လိုက်သည်...

ဖုန်းခေါ်နေတုန်းဘေးနားရှိအကောင်ပေါက်ကလေးအားကြည့်မိပြန်တော့ ဖုန်းသံလေးကိုနားစွင့်ကာတဖက်ကပြန်ပြောလာမည့်အသံကိုစောင့်ဆိုင်းနေသောကလေးငယ်တစ်ယောက်လို အူကြောင်ကြောင်ရုပ်ကလေးနှင့်ကြည့်နေလေသည်...

Actor Lover ♪Where stories live. Discover now