1990ပြည့်နှစ်ရဲ့သန်းခေါင်ယံည။
မကောင်းဆိုးဝါးတွေရှိတယ်ဆိုတာသင်ယုံကြည်ပါသလား? တောအုပ်တစ်ခုရဲ့အလွန်မှာရှိတဲ့မြို့လေးတစ်မြို့ကနေပုံပြင်လေးတစ်ပုဒ်အစချီသည်။
1990ပြည့်နှစ်ရဲ့သန်းခေါင်ယံ၁၂နာရီအတိမှာမြို့ရဲ့ကတ်သလစ်ဘုရားကျောင်းတစ်ခုကနေပေါ်ထွက်လာခဲ့တဲ့ကလေးငိုသံတစ်ခု။ကျိန်စာဟာတစ်ဖန်အသက်ပြန်၀င်လာခဲ့၏။
တောအုပ်ကနေကျီးကန်းတစ်သိုက်ရဲ့ကျယ်လောင်စွာအော်ဟစ်သံတွေနှင့်အတူနက်မှောင်နေသည့်ကောင်းကင်ယံမှာလျှပ်စီးတွေဟာထင်ဟပ်နေ၏။
မိုးတွေသည်းထန်စွာရွာနေခဲ့ပြီးတောအုပ်အတွင်းမှာတည်ရှိသည့်နှစ်၁၀၀၀ Castle Aberleenဟာတစ်ဖန်ပြန်တောက်ပလာခဲ့ပြီးမကောင်းဆိုးဝါးဟာသူ၏သတို့သမီးကိုရှာတွေ့သွားခဲ့သည်။
_____________________
'Holy Father, I am truly and forever grateful for all the wonderful things in my life'
ဖာသာရဲ့ဆုတောင်းသံဟာဘုရားကျောင်းအတွင်းပြန့်နှံ့နေလျက်။တနင်္လာနေ့ရဲ့မနက်ခင်းရာသီဟာမသာယာပါ။အပြင်ကမြင်းခွာသံတွေကိုဥပက္ခာပြုရင်းငါငြိမ်သက်နေ၏။
မြို့ကြီးနှင့်ဝေးသည့်မြို့ငယ်ဖြစ်သည့်အလျောက်လျှပ်စစ်မီးဟာထင်သလောက်မကောင်းပါ။ကာလအားဖြင့်ကြည့်မည်ဆိုလျှင်2008ကိုကူးပြောင်းလာခဲ့ပြီ။
ကောင်းချီတွေနဲ့မွေးဖွားလာခဲ့သည့်သန့်စင်သောဖာသာဟာမြို့သားတွေ၏အားကိုးယုံကြည်ရာဖြစ်လာခဲ့သည်။မြို့၏ထောက်တိုင်ဖြစ်သည့်ထိုဘုရားကျောင်းရဲ့နောက်ဆုံးမျိုးဆက်ဟူလည်းမမှားပေ။
Fourth nattawat။အသက်18နှစ်သာရှိသေးပေမယ့်ငယ်ငယ်ကတည်းကမိဘတွေသေဆုံးသွားခဲ့တာကြောင့်ဘုရားကျောင်းမှာကြီးပြင်းလာခဲ့ရသည့်သူ။
တစ်မြို့လုံးမှာတစ်ယောက်ပဲရှိသည့်သင်းအုပ်တစ်ဖြစ်လဲဖာသာဖြစ်သည့်ငါ့အဖို့ဘယ်အရာကမှပျော်စရာမကောင်းနေခဲ့ပေ။ဘုရားကျောင်းမှာစစ်စတာ3ယောက်အပါအ၀င်ငါသာရှိပြီးမြို့သူမြို့သားပေါင်း၁၀၀ကျော်ရှိသည်။
YOU ARE READING
A midnight diary (geminifourth ff✅)
FanfictionDevil don't love fanfiction main characters-Geminifourth total chapter-8 Hope you guys enjoy this💓