Holding hands scorpion way(18+)

1.2K 122 93
                                    

မကောင်းဆိုးဝါးနှင့်တစ်ညသာ။

"Gemini!"

"အင်းကိုယ်ရှိတယ်"

ရုတ်တရပ်အနောက်ကနေရောက်လာသည့်အသံကြောင့်ငါလန့်သွားသည်။အဲ့နောက်သက်ပြင်းတစ်ချက်ချကာgemini အားကြည့်လိုက်၏။

သူ့ရဲ့အပြုံးတွေဟာသိသိသာသာပေါ်လာခဲ့သည်။အဲ့နောက်ငါလက်ထဲကပါလာသည့်ခြင်းအားgeminiကိုပေးလိုက်၏။အူကြောင်ကြောင်နှင့်ကြည့်နေတာကြောင့်ငါရီမိသည်။

"ပန်းသီးတွေ..မင်းဘာမှမစားဖူးထင်လို့"

Geminiဟာသဘောကျသလိုရီ၏။အဲ့နောက်ငါ့အားသူ့ရဲ့မျက်၀န်းနီတွေဖြင့်ကြည့်လာသည်။ဘာလဲအဲ့အကြည့်က။

"ကိုယ့်လိုကောင်ကိုပန်းသီးစားတယ်ထင်နေတာလားhoney?"

ငါမျက်ခုံးများတွန့်ချိုးသွားသည်။

"မင်းကမစားဘူးလား"

Geminiဟာနှုတ်ခမ်းထောင့်တွေကွေးတက်သွားအောင်ပြုံး၏။အဲ့နောက်ငါ့နားတစ်ဖြည်းဖြည်းတိုးလာသည့်အခါငါလန့်ကာနောက်သို့ဆုတ်မိသည်။

"ကိုယ်ကလူသွေးပဲသောက်တာလေ..အထူးသဖြင့်honeyလိုသိပ်လှတဲ့လူတွေရဲ့သွေးကိုပေါ့.."

"ဟင်!"

အာ့ခနဲဟန်ချက်မညီစွာငါနောက်သို့ယိုင်ကျသွားသည်။geminiဟာငါ့ရဲ့ကိုယ်ကိုဆွဲဖမ်းပေးလိုက်တာကြောင့်ငါလဲတော့မကျသွားပေ။

ငါစိတ်ဆိုးစွာgeminiအားတွန်းဖယ်လိုက်သည်။ထိုအမူအရာကိုgeminiကသဘောကျ၏။geminiကငါ့ကိုစနောက်ရသည်ကိုသဘောကျသည်။

ငါgeminiနဲ့သိကျွမ်းလာခဲ့တာ၂ပတ်ရှိပြီ။အစကတော့ငါမပတ်သတ်ဖို့ကြိုးစားခဲ့ပေမယ့်ငါ့ရဲ့မသိစိတ်တွေဟာမသိလိုက်ခင်မှာgeminiစီရောက်သွားတတ်သည်။

အဲ့နောက်ငါရဲတိုက်Aberleenကိုမကြာခဏသွားဖြစ်၏။geminiဟာ‌ဒီရဲတိုက်ဟောင်းကြီးထဲမှာနေထိုင်လာခဲ့တာကြာပြီဟုလည်းငါသိရသည်။

တွေးကြည့်ရင်လည်းနေ့ဘက်မှာအပြင်မထွက်နိုင်သည့်geminiဟာသနားစရာသိပ်ကောင်းလေသည်။သူအထီးကျန်နေခဲ့ရှာမှာ။

ငါနဲ့geminiဟာအများကြီးမရင်းနှီးပေမယ့်ငါတို့တစ်ယောက်နဲ့တစ်ယောက်စိမ်းသက်နေခြင်းတော့မရှိခဲ့ပေ။သင်းအုပ်တစ်ယောက်နဲ့မကောင်းဆိုးဝါးတစ်ကောင်ဆိုတဲ့ဖြစ်တည်မှုကလွဲရင်ပေါ့။

A midnight diary (geminifourth ff✅)Where stories live. Discover now