ကိုယ်၀န်တဲ့။
ထူးဆန်းတဲ့ခံစားချက်တွေ။ဒီရက်ပိုင်းတွေမှာစားမ၀င်အိပ်မပျော်ဖြစ်နေတာကြောင့်ငါသက်ပြင်းယဲ့ယဲ့သာချမိသည်။တစ်ညတာတဲ့။
ပြန်တွေးမိတဲ့အခါငါ့ပါးတွေရဲတက်လာခဲ့သည်။အမှန်တစ်ကယ်ဆိုငါတို့ကဘယ်လောက်မှရင်းနှီးခဲ့တာလည်းမဟုတ်သလိုငါကဘုန်းတော်ကြီးတစ်ယောက်။
တစ်မြို့လုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့မကောင်းဆိုးဝါးနဲ့ဘာလို့များသွားအိပ်မိခဲ့မှန်းငါကိုယ်ငါတောင်နားမလည်နိုင်တော့ဘူး။
ငါgeminiကိုရှောင်နေခဲ့တာခုနဲ့ဆို၁ပတ်နီးပါးပင်ပြည့်တော့မည်။အကြောင်းရေရေရာရာမရှိပဲgeminiကိုငါမျက်နှာချင်းမဆိုင်ရဲပေ။
Castle Aberleenကိုငါ့ခြေထောက်တွေကသိပ်သွားချင်နေပေမယ့်ငါ့စိတ်ကိုငါထိန်းချုပ်ကာကတ်သလစ်ဘုရားကျောင်းထဲမှာသာနေမိ၏။
သက်ပြင်းတစ်ချက်ထပ်ချရင်းလက်ကိုင်မှန်ကလေးအားထောင်ကာငါ့လည်ပင်းကကိုက်ရာကိုကြည့်နေမိသည်။ဖိကိုင်လိုက်တိုင်းနာနေတာမလို့နှစ်၁ထောင်အဖိုးကြီးအားငါကြိမ်ဆဲလိုက်၏။
ခုရက်ပိုင်းငါကျန်းမာရေးသိပ်မကောင်းသည်ကအမှန်။အစားစားချင်စိတ်လဲမရှိသလိုအရင်လိုလည်းစိတ်မရှည်တော့ပေ။ခဏခဏပျို့တတ်လာတတ်ပြီးတစ်ခါတစ်ရံလမ်းမလျှောက်ချင်တော့သည်ထိခါးတွေနာနေတတ်၏။
ပြီးတော့ငါ့ဗိုက်ဟာမကြာခဏနာလာတတ်သည်။အဲ့လိုဖြစ်တိုင်း'သားလေးမွေးပေး'ဟုပြောတာကိုသတိရမိသွားတတ်၏။ကိုယ်၀န်များလား?
ပေါက်ကရအတွေးကြောင့်ငါ့ပါးငါထပ်ရိုက်လိုက်၏။အတွေးလွန်တတ်တာကငါ့အမူကျင့်မဟုတ်ပေမယ့်တစ်ညတာကုန်ဆုံးပြီးတဲ့နောက်မှာတော့ငါဟာအခန်းတွင်းသာအောင်းနေတတ်တော့သည်။
၀တ်မပြုတာ၄ရက်လောက်ရှိသွားပြီမလို့မြို့သူမြို့သားတွေကြားမှာထူးဆန်းနေမှာမှန်ပေမယ့်ငါကအခုသန့်မှမသန့်စင်တော့တာကြီးကို။
ကုတင်ပေါ်တွင်ကွေးကွေးလေးထိုင်ကာငါစိတ်ညစ်သလိုမျိုးသက်ပြင်းထပ်ချမိပြန်သည်။အခုငါကသူတော်စင်တစ်ယောက်မဟုတ်တော့ဘူးလေ။
YOU ARE READING
A midnight diary (geminifourth ff✅)
FanfictionDevil don't love fanfiction main characters-Geminifourth total chapter-8 Hope you guys enjoy this💓