The bride

817 133 65
                                    

ပျောက်ဆုံးနေတဲ့သတို့သမီး။

ည၁၀နာရီမတိုင်ခင်တံခါးတွေသော့ပိတ်ပါ။မကောင်းဆိုးဝါးဟာမင်းရဲ့အနီးဆုံးမှာပါ။

အပြင်ကတစ်ဖွဲဖွဲရွာနေသည့်မိုးတွေကိုကြည့်ရင်းရင်ခွင်ထဲခွေခွေလေးအိပ်နေသည့်ဝီလီယံ၏ခေါင်းအားငါခပ်ဖွဖွလေးပုတ်ပေးလိုက်သည်။

ဒီတစ်နေ့ရဲ့ရာသီဥတုဟာထင်သလောက်မသာယာပါ။မိုးအေးတဲ့နေ့ဖြစ်ပြီးemilyဟာဖျားနေခဲ့သည်။သမားတော်ပင့်ခဲ့ပေမယ့်မလာရဲဘူးဟူသည့်လူကြောင့်ငါ့နည်းငါ့ဟန်နဲ့သာအဖျားကျသွားအောင်ပြုစုပေးရသည်။

ဝီလီယံဟာတစ်ခြားကလေးတွေထက်ငါ့ကိုပိုတွယ်ကပ်၏။ရင်ခွင်ထဲ၌‌ထည့်ကာချော့သိပ်ရင်းငါမိုးတွေသည်းနေသည့်တောအုပ်ကိုလှမ်းကြည့်နေမိသည်။

ထူးဆန်းတဲ့အမျိုးသားကိုမတွေ့ရတာ၂ရက်ရှိပြီ။ရုတ်တရပ်ဆိုသလိုသူဟာပေါ်လာတတ်ပြီးရုတ်တရပ်ဆိုသလိုပါပဲသူဟာပြန်ပျောက်ကွယ်သွားခဲ့သည်။

ခုချိန်Castle Aberleenမှာဘာတွေများဖြစ်နေမလဲ?ရူးကြောင်နိုင်ပေမယ့်ထိုအတွေးတွေကငါ့ခေါင်းထဲတစ်ဝေ့ဝေ့လည်နေခဲ့၏။

သက်ပြင်းတစ်ချက်ချလိုက်ရင်းဝီလီယံကိုမချီကာသူ၏ကုတင်သို့တင်ပေးလိုက်သည်။ကလေးငယ်ဟာချစ်စရာကောင်းသည်။

လက်ထဲက၀က်ဝံရုပ်လေးကိုမကြာခင်ကမှပြဲသွားလို့ငါပြန်ချုပ်ပေးထားရခြင်း။မူလလောက်မလှတော့ပေမယ့်ဝီလီယံဟာထိုအရုပ်ကလေးကိုနှစ်သက်သည်။

ဘုရားကျောင်းတံခါးတွေရောလုံရဲ့လား?၀တ်ပြုမဲ့လူလာမှာမဟုတ်တာကြောင့်တံခါးတွေပွင့်နေမှာငါကြောက်သည်။ထီးအနက်ကလေးအားဆွဲယူကာကတ်သလစ်ကျောင်းတော်ဘက်သို့ငါထွက်လာလိုက်၏။

ကျောင်းအနောက်ဘက်မှာတည်ရှိသည့်အိပ်ဆောင်ဟာကျောင်းတော်နှင့်အနည်းငယ်တော့အလှမ်းဝေးသည်။‌မိုးတွေသည်းနေတာမလို့မြင်ကွင်းကအနည်းငယ်တော့ဝေဝါးနေ၏။

မိုးတွေချိန်းလာသည့်အခါငါကျောင်းတော်ဘက်အမြန်ပြေးရသည်။တံခါးဟာပိတ်ထားပေမယ့်စိတ်မချတာကြောင့်ငါအထဲသို့၀င်ကြည့်လိုက်သည်။

A midnight diary (geminifourth ff✅)Where stories live. Discover now