Mr.vampire

838 114 42
                                    

ကတ်သလစ်ဘုရားကျောင်းရဲ့ကျိန်စာ။

"ဝီလီယံကိုဒီညတွေ့အောင်ရှာပါ!"

ငါစိတ်ဆိုးတကြီးဖြင့်စစ်စတာ၃ယောက်အားအော်လိုက်သည်။ပုံမှန်ဒီလောက်ဒေါသမဖြစ်ဖူးပေမယ့်၅နှစ်ကလေးတစ်ယောက်တောင်မထိန်းနိုင်သည့်စစ်စတာတွေကိုငါသိပ်စိတ်တိုမိသည်။

ကတ်သလစ်ဘုရားကျောင်းရဲ့အနောက်ဘက်မှာစာသင်တိုက်တစ်ခုရှိသည်။မိဘမဲ့ကလေးအချို့ကိုငါကကျွေးမွေးစောင့်ရှောက်ထားရ၏။

ထိုထဲတွင်စကားမပြောနိုင်သည့်ဝီလီယံဟူသည့်ကောင်ကလေးလည်းပါသည်။အမှန်တိုင်းပြောရရင်အခြားကလေးတွေထက်ဝီလီယံကိုငါပိုသနားဂရုဏာသတ်မိ၏။

မိခင်အရင်းကိုယ်တိုင်ကလာစွန့်ပစ်တာခံရသည့်ဝီလီယံဟာဘယ်လောက်တောင်အားငယ်နေရမလဲ။ဒီနေ့မှာတော့ငါမြို့ကြီးပေါ်သွားစရာရှိလို့စစ်စတာတွေနဲ့ခဏအပ်ခဲ့ပါတယ်။

ဝီလီယံဟာကစားနေတုန်းပျောက်သွားသည်တဲ့လေ။ပြန်ရောက်ရောက်ချင်းအမောတောင်မပြေသတင်းဆိုးကစီးကြိုနေ၏။

ငါစစ်စတာတွေအားဒေါသတကြီးပြောလိုက်ရင်းဝီလီယံကိုအပြင်ထွက်ရှာရန်ဆုံးဖြတ်လိုက်သည်။ကုက္ကိုလ်ပင်မကျော်ပါစေနဲ့ဟုသာဆုတောင်းနေမိသည်။

ပြန်ရောက်တဲ့အချိန်ကမွန်းလွှဲ‌နေပြီမလို့ငါနှင့်အတူemilyဟာရေနံဆီမီးအိမ်ကိုင်လျက်မြို့အပြင်သို့ထွက်လာလိုက်သည်။

ဝီလီယံကိုအော်ခေါ်ကာရှာနေပေမယ့်သူဆော့နေကျအရုပ်လေးကိုသာအပင်အောက်မှာတွေ့လိုက်တာကြောင့်ငါ့စိတ်တွေပို၍ပူလာသည်။

မကြာခင်မှောင်ရီပျိုးတော့မည်။မြူဆိုင်းနေသည့်တောအုပ်ကိုကြည့်ရင်းငါသက်ပြင်းချကာဝီလီယံဆော့နေကျ၀က်ဝံရုပ်ကလေးကိုတင်းနေအောင်ဆုပ်ကိုင်လိုက်သည်။

"ပြန်တော့emily ည၈နာရီမတိုင်ခင်၀တ်ပြုပါ"

"ဒါပေမယ့် ဖာသာ.."

"ငါကပြောနေတယ်မလား!"

‌‌ငါအော်မိသည့်အခါemilyကိုယ်လေးဟာတုန်သွား၏။ငါသက်ပြင်းတစ်ချက်သာချလိုက်ရင်းemilyဘက်သို့လှည့်ကာသူမလက်ထဲကခြုံထည်အနက်ကိုယူလိုက်သည်။

A midnight diary (geminifourth ff✅)Where stories live. Discover now