inhuman lover

1.4K 134 120
                                    

Castle Aberleenမှာမင်းနဲ့အတူသေဆုံးသည့်တိုင်။

ဆူညံနေတဲ့အသံတွေ။‌ယနေ့မိုးတွေသည်းနေသည်။emilyကလည်းငိုနေ၏။လန်ဒန်သွားဖို့ရထားဟာ၆နာရီတွင်ထွက်မည်။ဒီတစ်နေ့ရဲ့ရာသီဟာငါအမုန်းဆုံးဖြစ်သည်။

‌သည်းထန်စွာငိုကြွေးနေတဲ့ကောင်းကင်ငယ်ဟာအနီရောင်လွမ်းနေသည့်လ‌ကိုပေါ်ထွက်မလာအောင်အင်တိုက်အားတိုက်ကြိုးစားနေရှာသည်။

ရိုးရှင်းတဲ့အ‌တွေးတွေကိုပြန်စဉ်းစားမိတဲ့အခါငါ့ပါးပြင်အထက်မှာမျက်ရည်စီးကြောင်းလေးကနေရာပြန်ယူလာ၏။အို..မင်းကြောင့်နဲ့လည်းငါ့မျက်ရည်တွေခမ်းတဲ့ထိငိုရဦးမယ်ထင်တယ်။

ဆူထွက်နေသည့်ဗိုက်ကလေးအားဖိကိုင်ရင်းကတ်သလစ်ဘုရားကျောင်းရင်ပြင်မှာအုံနေတဲ့လူအုပ်ကိုငါပြတင်းပေါက်မှန်ကနေသာကြည့်နေမိသည်။

သတင်းလေးတစ်ခုဟာတစ်ခဏလေးအတွင်းမှာပျံ့နှံ့သွားခဲ့သည်။ငါကိုယ်၀န်ရှ်နေတဲ့အကြောင်းဟာစစ်စတာတစ်ယောက်သိသွားတာကစလို့တစ်မြို့လုံးပျံ့နှံ့သွား၏။

မသန့်စင်တော့တဲ့သူတော်စင်။လူတွေဟာအပြစ်တင်ဖို့ကြီးပဲတတ်ပါတယ်။'မကောင်းဆိုးဝါးကလေးကိုလွယ်ထားတဲ့လူ'ဟူသည့်မကျေနပ်ချက်တွေနဲ့မြင့်မြတ်တဲ့ကျောင်းတော်ရှေ့မှာလာအုံနေလေရဲ့။

"ဘယ်လိုလုပ်ကြမလဲဖာသာ.."

တုန်ရီနေသည့်အသံဖြင့်emilyဟာရှိုက်ကာငါ့အားမေးလာသည်။ငါခပ်ဖွဖွလေးသာပြုံးလိုက်၏။အဲ့နောက်emilyဘက်သို့လှည့်ကာ သူမလက်ထဲသို့ဆုပ်ကိုင်ထားတဲ့လက်မှတ်လေး၂စောင်ထည့်ပေးလိုက်သည်။

Emilyဟာငါ့ကိုအံဩသည့်အကြည့်တွေဖြင့်ကြည့်၏။

"ရထားတွဲ2bမှာနေရာယူပါ..ဘုရားကျောင်းနောက်ကမသုံးတော့တဲ့သံတံခါးဟောင်းရှိတယ်..ဝီလီယံကိုခေါ်ပြီးလန်ဒန်ကိုသွားပါemily.."

"..."

"ဘူတာရုံမှာဟန်နရီစောင့်နေလိမ့်မယ်..ငါလိုက်နိုင်တော့မှာမဟုတ်လို့emilyကလန်ဒန်မှာဝီလီယံကိုငါ့အစားစောင့်ရှောက်ပေးပါ.."

Emilyဟာငို၏။လက်မှတ်ကလေးနှစ်စောင်အားဆုပ်ကိုင်ရင်းသည်းထန်စွာemilyဟာငိုနေသည်။ငါemilyရဲ့ပါးကိုခပ်ဖွဖွလေးထိကိုင်လိုက်ရင်းပြုံးလိုက်၏။

A midnight diary (geminifourth ff✅)Where stories live. Discover now