နေရောင်နွေးနွေးတို့ အပြာနုရောင်ကောင်းကင်မှ ဖြာကျကာ ရာသီဥတုအသင့်တင့်ကောင်းနေသောနေ့တစ်နေ့ ...
ဆိုးလ်မြို့လယ်ခေါင်မှ မိုးမျှော်တိုက်ကြီး၏ အထပ်၂၀မြောက်တွင် သပ်သပ်ရပ်ရပ်ဝတ်စားကာ လှုပ်လှုပ်ရှားရှားရှိနေသောလူတစ်စု မှာ စိတ်လှုပ်ရှားမှုကိုယ်စီရှိနေဟန် ၊ အချို့က လက်ထဲရှိစာရွက်များကို လှမ်လှောကြည့်နေသလို အချို့ကလည်း လက်နှစ်ဖက်ကိုဆုပ် မျက်စိမှိတ်ကာဆုတောင်းနေသည့်ဟန် ၊ အချို့မှာ လည်းအငြိမ်ထိုင်မနေနိုင် စင်္ကြန်တွင်ဟိုလျှောက်ဒီလျှောက်နှင့် အသီးသီးစိတ်လှုပ်ရှားနေကြသည်မှာ သိသာလွန်းနေ၏"နောက်တစ်ဖွဲ့ဝင်လို့ရပါပြီ နံပါတ် ၃၆ ၊ ၃၇ ၊ ၃၈"
အခန်းကျယ်ကြီးထဲ ကုမ္ပဏီအထက်လူကြီးများဖြစ်ဟန်ရှိသော လူတစ်စုက ခုံအသီးသီးမှာထိုင်ကာ သူတို့လက်ထဲရှိစာရွက်စာတန်းများကိုစစ်ဆေးလျက် သဘောတွေ့လျှင်ခေါင်းတငြိမ့်ငြိမ့် ၊ အထွေအထူးသဘောကျစရာမျိုး မတွေ့ပါက မျက်နှာပျက် နှခေါင်းရှုံ့ချင်သည် ဒါကတော့အင်တာဗျူးဖြေသူတိုင်းကြုံရသည့်အရာမဟုတ်ပါလား
"Jeon Wonwoo shi"
"ဟုတ်ကဲ့"
"ဆိုးလ်တက္ကသိုလ်ကနေ ကျောင်းပြီးထားတာပဲ အခြေနေလည်းကောင်းတာကို ဒီကြားထဲတခြားအလုပ်ဝင်ခဲ့တာမျိုးမရှိဘူးပဲ၊ ဘာလို့များလဲ"
"ဟုတ်ကဲ့ ၊ အဲ့တာက ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့်ပါ"
အဖြေကိုသိပ်သဘောကျဟန်မတွေ့ ပုခုံးတစ်ချက်တွန့်သွားကာခေါင်းငြိမ့်လျက်
"ဒါဖြင့် NabiLand မှာရောဘာလို့အလုပ်လုပ်ချင်ရတာလဲ"
" WEBTOON ကိုသဘောကျလို့ပါ၊ လူငယ်တွေနဲ့ ခုနောက်ပိုင်းဆို လူလတ်ပိုင်းတွေအထိပါ ဝက်ဘ်တွန်ကို စိတ်ဝင်စားလာကြပြီး ပိုကျယ်ပြန့်လာပါတယ် ဝက်ဘ်တွန်ကနေတဆင့် သူတို့ရဲ့တစ်နေ့တာအတွက်စိတ်အပန်းပြေမှုမျိုးရရှိအောင် ရသစုံပေးစွမ်းနိုင်တယ်လို့ထင်ပြီးတော့ လူတွေဆီကိုအဲ့လိုရသမျိုးပေးနိုင်တဲ့ အနုပညာကိုဖန်တီးတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းအဖြစ်ကြိုးစားပြီးပါဝင်သွားကြည့်ချင်လို့ NabiLand ကိုရောက်လာခဲ့တာပါ"
YOU ARE READING
Head Over Heels in Love with YOU
Romancelove story of Jeon Wonwoo & Yoon Jeonghan • written in Burmese •