_14💌_

302 34 0
                                    

မနက်စောစောနေရောင်လက်လက်လေးတွေကြား အတောက်ပဆုံးအပြုံးတို့ဖြင့်နိုးလာသောနေ့တစ်နေ့။မျက်လုံးပွင့်လာသည်နှင့်တပြိုင်နက် ကြည်နူးမှုတို့ပါ ကပ်ပါလာတာဟာ ညကအိမ်မက်လှလှလေးမက်ခဲ့လေလို့လား။ကိုယ့်နှုတ်ခမ်းကိုယ် လက်ဖျားလေးနှင့်ထိကြည့်လိုက်တော့ ကျန်ရှိနေသေးသည့် ချိုမြိန်မှုငွေ့ငွေ့ကလေးက အိမ်မက်နှင့်တူသော အလှပဆုံးလက်တွေ့လေး ဖြစ်ခဲ့တာဖြစ်ကြောင်း ပြောပြနေသည်။တစ်ယောက်တည်းအတွေးများဖြင့်ကြည်နူးကာ ပြုံးနေစဉ် တစ်ယောက်ယောက်ကဖုန်းခေါ်လာတာမို့ ခေါင်းအုံးနံဘေးရှိ ဖုန်းကိုယူပြီးကြည့်လိုက်သော် ရည်းစားအသစ်စက်စက်ကလေးဆီမှ။

"ဟျောင်း အစောကြီးနိုးနေတာလား"

"အင်း မင်းကိုလွမ်းလို့"

ထိုစကားတစ်ခွန်းနှင့်ပင် တစ်နေ့တာကို အားအင်အပြည့်ဖြင့်ဖြတ်သန်းရောက် လုံလောက်သွားလေပြီ။ နားထောင်နေရင်းကို wonwooမှာ အပြုံးတလက်လက်နှင့် သဘောတကျရယ်သံလေးတို့က လွှမ်းခြုံလျက်

"ညကရော ကောင်းကောင်းအိပ်ပျော်ရဲ့လား"

"ဘယ်လိုအိပ်ပျော်မှာလဲ တစ်ယောက်ယောက်က ရင်ခုန်အောင်လုပ်သွားတာကို"

"အာ အဲ့လိုကိုးး ဘယ်သူပါလိမ့် တော်တော်ဆိုးတဲ့သူပဲနော်"

"အဲ့လူက ဘယ်သူလဲ သိချင်လား"

"သိချင်တာပေါ့ ကျွန်တော့်ဟျောင်းကို ဘယ်သူကအိပ်မပျော်အောင်လုပ်ရဲရတာလဲ ပြော"

စကားတတ်သည့်ကောင်လေးမှာ သူ့စိတ်ကြိုက်အလိုက်အသင့်ပြန်ပြောပေးနေတော့ သဘောတကျရယ်လေသည်။ရယ်သံလေးကအစ နားထဲ ဆည်းလည်းလေးတွေမြည်နေသလို သာသာယာယာ။

"ပြောပြမယ် ထွက်ခဲ့ အိမ်ရှေ့ကို"

"ဟင်? အိမ်ရှေ့?"

"ဟုတ်တယ် မြန်မြန်လေး"

အခန်းထဲမှအမြန်ထွက်ကာ သွားကြည့်လိုက်သော် တကယ်ပဲအိမ်ရှေ့သို့ရောက်နေသည့် jeonghanကိုတွေ့လိုက်ရသည်။

"ဟျောင်း ဒီကိုဘယ်လိုလုပ်ပြီးတော့..."

"ဒေါ်လေးဆိုင်ကိုသွားလိုက်တာလေ အဲ့တာဒေါ်လေးက ဒီကိုလွှတ်လိုက်တာ"

Head Over Heels in Love with YOU Where stories live. Discover now