_ 7 📷 _

261 35 0
                                    

မိုးရေထဲ အဝဆော့ပြီးနောက်တွင်တော့ နှစ်ယောက်သား jeonghanအခန်းသို့ ပြန်ရောက်လာကြသည်။

" wonwoo, ဒီအခန်းကိုသုံးလို့ရတယ် အထဲမှာ ပစ္စည်းတွေလည်းအကုန် အဆင်သင့်ရှိပြီးသား"

jeonghanအခန်းနှင့်မျက်နှာချင်းဆိုင်အခန်းဖြစ်သည်။မိုးရေတွေစိုနေတာကြောင့် အရင်ဆုံးရေချိုးသန့်စင်ကာ ရေချိုးခန်းထဲမှထွက်လာတော့ ကုတင်ပေါ်တွင် အဝတ်တစ်စုံရှိနေသည်။ ခနနေကမရှိတာမို့ wonwooရေချိုးနေစဉ် jeonghanလာထားပေးသွားတာဖြစ်မည်။ကုတင်ပေါ်မှ  အနက်ရောင် ခေါင်းစွပ်လက်ရှည်ရှပ်လေးနှင့် ညအိပ်ဘောင်းဘီအကွက်တို့ကိုယူဝတ်လိုက်ပြီး အခန်းပြင်သို့ထွက်ခဲ့လိုက်သည်။

jeonghanကို ဧည့်ခန်းနှင့် အလုပ်ခန်းထဲတွင်လည်းမတွေ့တာမို့ မီးဖိုခန်းကိုသွားကြည့်တော့ wonwooဝတ်ထားသည့်အတိုင်းကိုမှ နို့နှစ်ရောင်လေးဝတ်ထားသည့် jeonghan။ အပြည့်အဝမခြောက်သေးသည့် ဆံပင်ရှည်လေးများအား သဘက်ဖြင့်သုတ်နေသည့်မြင်ကွင်းလေးမှာလည်း အကြည့်မလွှဲချင်အောင်လှလွန်းနေတာကြောင့် ခနတာရပ်၍ငေးနေမိသည်။

"wonwoo, ရေချိုးလို့ပြီးသွားပြီလား လာလေ"

အနားသို့သွားလိုက်ကာ 'ဘာလုပ်နေတာလဲ' မေးတော့ ဆူပွက်သွားလို့အချက်ပြလာသည့်ရေနွေးအိုးကို ဦးစွာ သွားယူလိုက်ပြီး

"မိုးရေခံထားတာမဟုတ်လား အအေးမိမှာစိုးလို့လေ"

အဖြေစကားဆိုလာသော်လည်း မျက်လုံးအကြည့်တို့က wonwooထံတွင်မဟုတ် သူလုပ်နေသည့်အရာကိုသာ အာရုံစိုက်နေလေသည်။ စားပွဲပေါ်ရှိ ရှောက်ရည်နှင့် ပျားရည်တို့ကို ဖန်ခွက်ထဲသို့အချိုးကျရောစပ်၊ လက်ဖက်ခြောက်အနည်းငယ်နှင့် ရေနွေးထည့်ကာ ဇွန်းဖြင့်သေချာမွှေလိုက်ပြီးတော့မှ ဖန်ခွက်တစ်ခွက်ကို wonwooအား ကမ်းပေးလာသည်။

"သောက်လိုက် အအေးမိတာကိုကာကွယ်ပေးတယ်တဲ့"

ဖန်ခွက်အားလှမ်းယူလိုက်ပြီး သောက်ရန်လုပ်တော့

" ပူတယ်နော် သတိထားပြီးသောက်"

သောက်ကြည့်လိုက်တော့ တကယ်ပင်အရသာကောင်းပြီး အနံ့လေးကလည်းမွှေးသည်။သောက်လိုက်တာနှင့် လည်ချောင်းထဲဆင်းသွားသည့် ပူနွေးနွေးအရသာမှာ တစ်ကိုယ်လုံးကိုပင်နွေးသွားစေသည်။ jeonghanက ဒါမျိုးကိုလည်းသိပြီး လုပ်တတ်သည်တဲ့လား။ထိုလက်ဖက်ရည်နွေးနွေးကို တစ်ငုံချင်းအရသာခံသောက်ရင်း 

Head Over Heels in Love with YOU Where stories live. Discover now