_13💞_

286 33 0
                                    

" ဟျောင်း မျက်..မျက်နှာက ဘာလို့အရမ်းကပ်နေတာလဲ နေ..နေရခက်လာပြီ"

အရှက်လွန်ပြီး စကားတွေပါထစ်လာသည့် wonwooအား အသည်းလည်းယား ဖြစ်နေသည့်ပုံစံလေးကိုလည်း သနားလာသည်မို့ ဆက်မစ'တော့ပဲ အနားကပ်နေသည့်မျက်နှာအား ပုံမှန်အကွာအဝေးအဖြစ်ပြန်နေလိုက်ပြီး ကိုင်ထားသည့်လက်ကလေးကိုလည်း လွှတ်ပေးလိုက်သည်။

"ဧည့်ခန်းထဲမှာသွားစောင့်နေတော့ အဝတ်လဲပြီးလာခဲ့မယ်"

jeonghanစကားဆုံးတာနှင့် ဧည့်ခန်းထဲ လှစ်ကနဲတန်းပြေးတော့သော ကြောင်ကလေး၏နောက်ကျောအား ကြည့်ရင်းသဘောတကျရယ်လိုက်မိတော့သည်။wonwooမှာတော့ ဧည့်ခန်းထဲရောက်တာနှင့်ဗြောင်းဆန်နေသည့် စိတ်အစုံလျော့ချလိုက်ရင်း ဆိုဖာပေါ်ပက်လက်ပစ်ထိုင်လိုက်တော့သည်။wonwoo၏ စိတ်မြင်ကွင်းထဲတွင်တော့ ခနနေကဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကသာ အထပ်ထပ်စိုးမိုးနေပြီး ရုန်းမထွက်နိုင်။တစ်ယောက်ထဲ ဟိုလိုမဟုတ်ဒီလိုမဟုတ် ကဏာမငြိမ်ဖြစ်နေစဉ်မှာပဲ ဧည့်ခန်းသို့ jeonghan ရောက်လာတော့သည်။

"wonwoo ya , အဲ့မှာ ဘာဖြစ်နေတာလဲ တစ်ယောက်တည်း"

"အမ် ဘာ ဘာမှမဖြစ်ပါဘူး ညကမအိပ်ထားတော့ လန်းသွားအောင် လေ့ကျင့်ခန်းလုပ်နေတာ"

ဘယ်လိုသောက်ကျိုးနည်းအဖြေမျိုးကိုဖြေလိုက်မိပြီလဲ ဟုကိုယ့်ကိုယ်တွေးလိုက်မိသည်။မတက်နိုင်၊ ဖြေပြီးမှတော့မထူးဘူးဆိုကာ ရုပ်တည်ကြီးနှင့်နေနေပုံကို မြင်တော့ jeonghanမှာမထိတထိခိုးရယ်သည်။

"wonwoo ya, တကယ်ပဲဘာဖြစ်နေတာလဲ ညကရော ဘာလို့မအိပ်တာလဲ, ဟင်? မျက်ကွင်းတွေညိုကုန်ပြီမဟုတ်လား"

"အာ အတိုင်းတွေးစရာလေးတွေရှိနေတာနဲ့"

"ဘာလဲ ဒီအတိုင်းတွေးစရာက ပြောပါအုံး"

အတည်ပေါက်နှင့် ချော့မေးနေသည့်လေသံမျိုးလေးဖြင့် မေးလာတော့ ဘယ်လိုပြောပြရမယ်မှန်းမသိဖြစ်သွားသည်။ သူ့အဖြစ်ကကြောင်တောင်တောင်နိုင်နေမလား သူမသိပါ။ သို့သော်လည်း မပြောလျှင် စိတ်ထဲအမြဲခံနေတော့မှာမို့ အခုတည်းက ရှင်းသွားအောင် မေးသင့်သည်ထင်၏။

Head Over Heels in Love with YOU Where stories live. Discover now