"ဘာလဲ ငါ့ကိုစိတ်ကောက်နေတာလား Jeon Wonwoo shi"
jeonghan ရဲ့ထူးဆန်းသော အပြုအမူများနှင့်စကားအဆုံးမှာတော့ သူတို့နှစ်ယောက်အား ရုံးခန်းထဲမှအဖွဲ့သားအားလုံး၏ ပြူးပြူးပြာပြာ အကြည့်များဖြင့်ဝိုင်းကြည့်ခြင်းခံလိုက်ရလေသည်။soonyoungကတော့အဆိုးဆုံးပင် မိနစ်ပိုင်းအတွင်း အံ့ဩစရာများကိုဆက်တိုက်ဆိုသလိုမြင်နေရ၍ သွေးပျက်နေသည့်ရုပ်နှင့်
"ဟမ် ဘာကြီးလဲဒီအနေအထားကြီးက"
စီနီယာများက ပုခုံးတစ်ချက်သာတွန့်ပြကာ အခြေအနေကိုဆက်လက်အကဲခတ်နေလေသည်။
ဤကဲ့သို့သော ထူးဆန်းသည့်အနေအထားကြီးနှင့် အားလုံးကဝိုင်းကြည့်နေကြသည်ကို အနေခက်လာသည်မို့ wonwoo ထိုင်နေရာမှာ ဆတ်ကနဲထရပ်လိုက်ပြီး
" အာ ဘာ..ဘာတွေပြောနေတာလဲ စိတ်ကောက်တယ်? ကျွန်တော်ကလား မဟုတ်တာတွေ"
မချိုမချဉ် ဟန်ဆောင်၍ပြုံးနေတဲ့မျက်နှာနှင့် စကားလေးတစ်ခွန်းကိုပင် ဖြောင့်အောင်ပြန်မဖြေနိုင်တဲ့ wonwooကြောင့် အဖွဲ့မှူးက ကြားဖြတ်ဝင်ကာ အမေးစကားဆိုလာလေသည်။
"နေပါအုံး မင်းတို့တွေ ရန်ဖြစ်ထားကြတာလား"
"ဗျာ မ..မဟုတ်ပါဘူး အဲ့လိုဖြစ်စရာလား အဖွဲ့မှူးကလည်း ကျွန်တော်တို့မှာ ရန်ဖြစ်စရာအကြောင်းအရင်း ဘယ်လိုရှိမှာလဲ"
wonwooမှာ ဤအခြေအနေအား အမြန်ဆုံး ကျော်သွားချင်တာမို့ ငြင်းနိုင်သမျှငြင်းနေသော်လည်း jeonghan မှာတော့ ရှေ့ကwonwooရှင်းသမျှကို နောက်မှအထင်လွဲစရာ မျက်လုံး ၊အပြုအမူ ၊စကားတို့နှင့်သာ ဝင်နှောင့်ယှက်နေလေသည်။
"ဟုတ်လို့လား ဘာလို့ဘာမှမဖြစ်သလို ဟန်ဆောင်နေရတာလဲ wonwoo ya..."
အဆုံးတွင် တရင်းတနှီးခေါ်သံကိုသုံးလိုက်သော jeonghan၏စကားကြောင့် အားလုံး၏ နောက်တစ်ကြိမ် ပြူးကျယ်လာကြပြန်တဲ့မျက်လုံးများနှင့် ထွက်လာတဲ့အအသံသဲ့သဲ့များ။
" won..wonwoo ya??? နေပါအုံး သူတို့ဘယ်တုန်းကများအဲ့လို ရင်းနှီးသွားတာလဲ"
"ရင်းနှီးတာမကလို့ ရန်ဖြစ်တာလား စိတ်ကောက်တာလား အဲ့ဒီအထိလေ?"
YOU ARE READING
Head Over Heels in Love with YOU
عاطفيةlove story of Jeon Wonwoo & Yoon Jeonghan • written in Burmese •