Zg//
city mallတစ်ခုထဲရှိcoffee shopတစ်ခုထဲတွင်ဖြစ်သည်။
ဝဠာ လက်ဝက်ရတနာဒီဇိုင်းဆွဲသည့် designerအား ထိုင်စောင့်နေတာ ယခုဆို ၁၅မိနစ်တိတိရှိပြီဖြစ်သည်...။...အချိန်ရပေမယ့် ဇေသော်ဖုန်းဘွဲ့အားကြည့်ရန် ဆေးရုံလည်းသွားရဦးမည်ဖြစ်တာကြောင့် ၀ဠာ စိတ်ကသိပ်မရှည်ချင်တော့။ နာရီဝက်တိတိစောင့်ပေးမည်။ မလာပါက နောင်ထိုလူနှင့် မည်သည့်အလုပ်မှ တွဲမလုပ်ဖို့ ဆုံးဖြတ်ချက်ချလို်က်၏...။
နာရီဝက်တိတိသာ ပြည့်သွားသည်။ designerမလာသဖြင့် ၀ဠာဒေါသတောင် ထွက်မိ၏...။...အချိန်မတိကျသူမှာ second chanceဆိုတာ မရှိဘူးဟု daddyပြောထားတာကြောင့် နောက်နောင် ထိုလူနှင့် ၀ဠာအလုပ်တွဲလုပ်မည်မဟုတ်တော့...။
"ဟေ့လူ...ခင်ဗျားက twin stars က သင့်ကမ္ဘာမင်းမလား..."
ဝဠာ ထပြန်ဖို့ ပြင်ချိန် size ပွ T shirtအဖြူစွပ်စွပ်နှင့် ပေါင်လည်လောက်ရှိသော style pantအဖြူရောင်အား တွဲဝတ်ထားသော မိန်းခလေး...။...ပြောလာသည့်စကာကြောင့်လည်း ၀ဠာမျက်ခုံးပင့်မိ၏...။..ပုံစံက...မိန်းခလေးတော့မဟုတ်နိင်...။...အရမ်းကနွဲ့ကလျ ဖြစ်နေတာမျိုးမဟုတ်ပဲ ယောက်ကျားမျက်နှာကျလို မေးရိုးသွယ်သွယ်တွေနဲ့...။...သေချာကြည့်ရင်တော့ ယောက်ကျားလေးဖြစ်နိုင်သည်...။
ကျောလည်လောက်ရှိသော ဆံပင်ပွယောင်းယောင်းတို့ကို မိန်းခလေးတွေအညှပ်များသည့် စတပ်(step)ကေ ညှပ်ထားပြီး ရွှေအိုရောင်ဆံနွယ်တို့အား ပန်းခရမ်းရောင် highlight ဖောက်ထားလေသည်...။...စမြိတ်မကျ အလယ်ခွဲမရောက်သော ရှေ့ဆံစတို့သည် ထိုတစ်ယောက်၏ မျက်ခုံးတန်းလှလှနှင့် ဆွဲဆောင်မူရှိသော မျက်ဝန်းတို့အား ဖုံးကွယ်ထားလုလု...။
ခပ်သေးသေးလည်စလုတ်နှင့် ညှပ်ရိုးပြေပြေက တော်ရုံလူဆို အသက်ရှူပင်မှားမည်...။...အရမ်းမိန်းမဆန်နေတာမျိုးမဟုတ်တဲ့ မျက်နှာကျမှာ ကြည်လင်ဖွေးသန့်နေ၏...။...ပေါင်တံသွယ်သွယ်တွေနှင့် ခြေချင်းဝတ်ကခပ်သေးသေး...။...shoe ဖိနပ်အဖြူစွပ်စွပ်ကလည်း သူနှင့်လိုက်ဖက်သည်...။