//8//

11.9K 613 22
                                    

Zg//

တိတ်​ဆိတ်​​နေ​သော အခန်းထဲတွင်​ တစ်​​ဂျောက်​​ဂျောက်​ သွား​နေ​သော နာရီသံသာ ကြီးစိုး​နေ၏...။...​အပြာနု​ရောင်​ t shirt​ပြောင်​​လေးအား နက်​ပြာ​ရောင်​ပုဆိုးနှင့်​ တွဲဝတ်​ထားသည့်​ ​ယောဟန်​သည်​ အိပ်​စက်​ခြင်းအမူအား မပြုရ​သေးသူပမာ နွမ်းနွမ်းလျလျနှင့်​ အခန်းထဲ စုန်​ချည်​ဆန်​ချည်​လမ်း​လျှောက်​​နေသည်​...။

နာရီလက်​တံတို့သည်​ ၅နာရီထိုးဖို့ ဦးတည်​အလုပ်​လုပ်​​နေကြ​၏...ထိုလှုပ်​ရှားမူ​ကြောင့်​ ​ယောဟန်​စိတ်​ထဲ ပို၍ပင်​ မသက်​မသာဖြစ်​လာရသည်​...။

သူမည်​သို့ လုပ်​ရပါမည်​နည်း​...။

ကောင်​​လေး​ခေါ်ရာ​နောက်​ကို လိုက်​သွားသင့်​သလား?

ဒါမှမဟုတ်​ -ခ-အလာကို​စောင့်​ပြီး မင်္ဂလာပွဲအတွက်​ ပြင်​ဆင်​သင့်​သလား?

ဘ၀မှာ ​ရွေးချယ်​ရတာ​တွေကို ​ယောဟန်​မကြိုက်​...။...အ​ကြောင်းပြချက်​က​တော့ ကိုယ်​​ရွေးချယ်​လိုက်​သမျှက ကိုယ့်​အတွက်​ မဟုတ်​ခဲ့တာ​တွေချည်းပဲမလို့...။...​ယောဟန်​ကို ထိုသူတို့က ​ရွေးချယ်​ခွင့်​​ပေးခဲ့ပါသည်​...သူတို့သ​ဘောကျတဲ့အရာ​တွေအတွက်​...ထိုအရာကို ​ယောဟန်​မကြိုက်​ရင်​​တောင်​ ​ရွေးချယ်​ရတာပင်​...။

ကောင်​​လေး​ပြောသလို ကိုယ့်​အတွက်​ စိတ်​​ပျော်​စရာ​တွေကို ထုတ်​ပိုးပြီး ​ဒေစီ​တွေရှိရာကို သွားချင်​​ပေမယ့်​ ​ယောဟန်​မှာ ရှိတာဆိုလို့ ​ဆေးစာအုပ်​​တွေသာရှိ၏...။

ယောဟန်​ ပန်း​လေး​တွေကို ပျိုး​ထောင်​ကြည့်​ချင်​သည်​...။

သဘာဝတရားကြီးနဲ့ ထိ​တွေ့ချင်​သည်​...​။

လတ်​ဆတ်​တဲ့​လေကိုရှူရှိုက်​ချင်​သည်​...။

ဆေးနံ​တွေမခံချင်​​တော့ဘူး...​ဆေးထိုးအပ်​ကိုမကိုင်​ချင်​​တော့ဘူး...တစ်​ခြားသူကို ဆရာဝန်​တစ်​​ယောက်​အ​နေနဲ့ စိတ်​ဓာတ်​ခွန်​အား​ပေး​နေ​ပေမယ့်​ ကိုယ်​တိုင်​က စိတ်​ဓာတ်​ကျ​နေရတဲ့အဖြစ်​မျိုးကို ​ယောဟန်​မလိုချင်​​တော့ဘူး...။

No one but you(မင်းမှမင်းပဲ)Season2[ongoing]Where stories live. Discover now