Zg//
ကမ္ဘာ အ၀တ်တစ်ချို့အား ကျွန်းဗီရိုထဲသို့ ထည့်လိုက်ပြီး အကို့ luggageထဲရှိ အရာဝတ္ထုတို့အား သိမ်းဆည်းရန် လုပ်ရ၏...။...ကမ္ဘာတို့ပြင်ဦးလွင်သို့ ရောက်ရောက်ချင်း daddy၀ယ်ထားသည့် ဒေစီခင်းပါသည့် အိမ်သို့အရင်သွားရသည်...။...ပြီးမှ အကို့တွင် ၀တ်စရာအင်္ကျီမပါဘူးဆိုသည့်ကြောင့် မြို့မဈေးသို့ တစ်ခေါက်ပြန်သွားပြီး အ၀တ်အစားနှင့် ညစာအတွက် ၀ယ်ခြမ်းကာ အိမ်သို့ ပြန်လာခဲ့ကြ၏...။
အကို့အိတ်ထဲရှိ ရောင်စုံစာရွက်တွေကိုတော့ ကမ္ဘာ ကုတင်ဘေးရှိ ကျွန်စားရေးစားပွဲပေါ်သို့ တင်ထားလိုက်၏...။...အကို့ luggage ထဲတွင် ရောင်စုံA4စာရွက်တွေအပြင် plastic boxအ၀ါရောင်လေးလည်း ရှိသည်...။...အပြင်ကနေကြည့်ရသလောက်ကတော့ အထဲတွင် စာရွက်တွေပဲဖြစ်ရမည်...။...ထိုဘူးကိုတော့ ကမ္ဘာကုတင်ပေါ်တွင်သာ တင်ထားလိုက်သည်...။...boxလေးက သိပ်မကြီးတာကြောင့် luggage အသေးစားလေးထဲ ထည့်လို့ဆန့်၏...။...ထိုboxဘေးတွင်တော့ ဖန်ပုလင်းလေးနှင့် အ၀ါရောင်သီးသန့်ရှိသည့် စက္ကူကြယ်ဘူးလေးကို တွေ့ရ၏...။...
ကမ္ဘာ ကုတင်ပေါ်တွင်ထိုင်ရင်း ပြုံးလိုက်မိသည်...။...အကို့အတွက် စိတ်ပျော်စေတဲ့ အရာမှန်သမျှ ထည့်လာခဲ့လို့ ပြောထားတာကြောင့် အကိုသည် သူ့စိတ်ထဲတွင် ပျော်စရာဟု သတ်မှတ်ထားသည့် A4စာရွက်တွေကို ထည့်လာခဲ့ပုံပေါ်၏...။...ရိုးရှင်းသော အကို့ဘ၀ကို ကမ္ဘာကဆန်းကြယ်မူတွေကို ယူလာခဲ့မိပြီထင်သည်...။...အဖြူရောင်အလွှာလေးပေါ်မှာ အရောင်အသွေးစုံလင်သော စုတ်ချက်တွေကို ဖန်တီးပြီး အလှဆုံးပုံဖော်ရမည်...။
မိသားစု ထိုးနှက်ချက်ကိုတော့ အကိုခံရဦးမည်ထင်သည်...။...မိဘဆိုတဲ့ နေရာကနေပြီး သားသမီးထက် အတ္တကိုသာ ရှေ့တန်းတင်ထားတဲ့ အကို့အသိုင်းအ၀ိုင်းကို ကမ္ဘာတို့ အတူရင်ဆိုင်ရဦးမည်...။...daddyကိုယ်တိုင် ဖုန်းဆက်ပြီး ညှိရင် အဆင်တော့ပြေမည်ဆိုပေမယ့် အကို စိတ်ထဲတွင်တော့ သိမ်ငယ်နေဦးမှာပင်...။...ပြင်ဦးလွင်လာတဲ့ လမ်းတစ်လျှောက်လုံး သက်ပျင်းတွေ တွင်တွင်ချရင်း စိတ်မောနေသော အကိုက မမေလှိုင်းမခကိုလည်း အားနာနေပုံပေါ်၏...။