//3//

17.5K 832 17
                                    

Zg//

ဆေးရုံကြီး၏ ထွက်​​ပေါက်​​နေ​ရာတွင်​ BMWကား​လေးတစ်​စီး ရပ်​​နေကာ ထိုကား​လေး၏ ​ဘေးတွင်​ ​အဖြူ​ရောင်​ shirt နှ​​င့် ​style pantsအနက်​​ရောင်​ ၀တ်​ထား​သောအမျိုးသားနှင့်​ အနက်​နှင့်​အနီ​ရောင်​​ရောစပ်​ထား​သော မြန်​မာဝမ်းဆက်​ကို လှပ​ကြော့ရှင်းစွာ ၀တ်​ထားသည့်​ အမျိုးသမီးတစ်​ဦးတို့ အပြန်​အလှန်​ စကား​ပြော နေကြ၏...။

"​​ယောဟန်​...-ခ-ကို ​အန်​တီဝါတို့ beauty saloon ကို လိုက်​ပို့​ပေးပါဦး...-ခ-ကားက workshopပို့ထားလို့..."

"လာ​လေ-ခ-ရဲ့...​ပြော​တော့ -ခ- ဒီ​နေ့ ဂျူတီ​နောက်​ကျမယ်​ဆို..."

"နှင်းက ​စော​ရောက်​လာတာနဲ့ ချက်​ချင်းထွက်​လာခဲ့တာ...​တော်​​သေးတယ်​...​ယောဟန်​က မပြန်​ရ​သေးလို့..."

ေ​ယာဟန်​ condoပြန်​ဖို့ ကားနှင့်​​ဆေးရုံထဲမှ ထွက်​လာတာဖြစ်​သည်​...။...ဂျူတီ​နောက်​ကျမည်​ဖြစ်​​သော ​မေလှိုင်းမခအား မ​စောင့်​​တော့ပဲ ပြန်​နှင့်​မည်​ကို ​ပြောခဲ့ပြီးအရင်​ထွက်​လာတာ ဖြစ်​​သော်​လည်း တာဝန်​ကျ ဆရာဝန်​တစ်​​ယောက်​မှာ ​စော​ရောက်​လာသည်​မို့ ကားပြင်​ထားသည့် ​မေလှိုင်းမခမှာ သူ့အား ဖုန်းဆက်​ကာ တားထားခြင်း...။

ယောဟန်​သည်​ ​မေလှိုင်းမခအား Lover seat ရှိရာ ဘက်​ခြမ်း၏ ကားတံခါးအားဖွင့်​​ပေးလိုက်​ပြီး ​မေလှိုင်းမခ ​နေရာတကျထိုင်​ပြီးပြီဆိုမှ ကား​မောင်းသူဘက်​ခြမ်းသို့ ပြန်​လာ၏...ထိုအချိန်​ လူတစ်​​ယောက်​မှာ လျင်​မြန်​သည့်​ အမြန်​နှုန်းဖြင့်​ အနား​ရောက်​လာပြီး ​ယောဟန်​ကိုယ်​လုံးအား ခါးမှ ပင့်​ကာ ပုခုံး​ပေါ်သို့ ​ကောက်​ထမ်းလိုက်​၏...။

ယောဟန်​တို့ ကားနှင့်​မလှမ်းမကမ်းတွင်​ ရပ်​ထားသည့် အမိုးဖွင့်​ထား​သော ပြိုင်​ကားတစ်​စီး​ပေါ်အထိ ​ယောဟန်​အား သယ်​​ဆောင်​သွားသည်​...။

ရုတ်​တရက်​အဖြစ်​အပျက်​​ကြောင့်​ ​ယောဟန်​လည်း လန့်​သွားသလို ​မေလှိုင်းမခလည်း ​ကြောင်​သွား၏...။...​ယောဟန်​ ​ရေ​မွှေးနံစူးစူး​ကြောင့်​ သတိပြန်​၀င်​လာပြီး သူ့အားထမ်းထားသူအား ထုရိုက်​ကာ ​အောက်​ချ​ပေးရန်​ ​အော်​ဟစ်​ရ၏...။

No one but you(မင်းမှမင်းပဲ)Season2[ongoing]Where stories live. Discover now