"ဒါဖြင့်သူကြိုက်နေတာ ဘယ်သူ "ဒိန်ချဉ်ဗူးကိုဆုပ်ကိုင်ထားသော ကလေးမ၏
မျက်လုံးတွေသည်
သိလိုစိတ်ဖြင့် အရောင်ကလေးတွေ
တစ်လက်လက်ထနေလျက်....။ထိုကလေးမ၏ အမေးစကားကိုမျက်နှာချင်းဆိုင်ခုံမှ အခြားသောကလေးမက
အောင်နိုင်သူလို အပြုံးမျိုးဖြင့်ပြုံးရင်း"သိချင်ကြတယ် ဆိုပါတော့ "
"ပြောစရာရှိတာ ပြောလိုက်စမ်းပါ။
Park Ji Woonရယ် ၊ဈေးကိုင်မနေစမ်းနဲ့"ဖျစ်ညစ်ခံထားရသော ဒိန်ချဉ်ဗူးကလေးသည်
တဖြေးဖြေးပိန်လာတော့၏။
မျက်နှာချင်းဆိုင်မှ မိန်းကလေးသည်
ထိုဗူးပိန်ကလေးကိုလှမ်းယူ၍
အဖုံးဖွင့်ကာ မော့ချလိုက်သည်။"အရေးထဲမှာ ငတ်နေသေးတယ် "
မျက်စောင်းတစ်ချက်သည် လှ၏။ညနေဆည်းဆာနှင့်အတူ ရယ်သံသဲ့သဲ့သည်လွင့်ပျံလျက်ရှိသည်။
"ဪ Kim Kayra တို့များ သိပ်ကိုစပ်စုလိုက်တာ"
"ဒါကတော့ နင်အရင်စတာလေ ၊မသိစေချင်
အစကတည်းက လာမပြောနဲ့ပေါ့""မသိစေချင်ဘူးလို့လည်း မဟုတ်ပါဘူးဟယ်"
"အဲ့ဒါဆို အခုပြော"
စကားဝိုင်း၌ မိန်းမငယ် သုံးယောက်ရှိသော်လည်း
အချီအချ ဆွေးနွေးနေသည်က
နှစ်ယောက်တည်း......။
တစ်ယောက်ကမူ ပန်းချီကားတစ်ချပ်ကိုသာ
သည်းကြီးမည်းကြီးရေးဆွဲနေသည်။
ပတ်ဝန်းကျင်အခြေအနေကို စိတ်ဝင်စားပုံမပေါ်။
ဤနေရာ၌ မိုးပြိုခဲ့လျှင်တောင် အဖက်လုပ်မည့်
အနေအထားတွင်မရှိ....။"ပြောလို့တော့ ဖြစ်မလားဟဲ့ ဒါ တစ်ပါးသူရဲ့ အတွင်းရေး"
"ဒါဆို နင်ကျ တော့ ဘာလို့ သူများဒိုင်ယာရီကို
ခိုးဖတ်လဲ ""ဟ ငါခိုးဖတ်တာ မဟုတ်ဘူး လို့ပြောပြီးပြီပဲ ငါကောက်ရတာပါလို့ ဆိုနေ "
"ကောက်ရတယ်ဆိုလည်း ပိုင်ရှင်ဆီပြန်ပေး
သင့်တယ် ထင်တာပဲ"ဤသည်ကား ပန်းချီရေးဆွဲနေသော
တတိယမြောက်ကလေးမထံမှ ဖြစ်လေသည်။အချေအတင်ပြောဆိုနေသော မိန်းကလေး
နှစ်ဦး၏ အကြည့်တွေက
တတိယမြောက် မိန်းကလေးဆီသို့.....။
ထိုစဉ်လေပြည်တစ်ချက်သည်ဝေ့ကနဲ။"အင်း ပြန်ပေးမှာပါ။ဒါပေမဲ့ ငါ ဘယ်လို ပေးရမလဲ စဉ်းစားနေတာ "
"ဘယ်လိုပြန်ပေးရမလဲဆိုတာကို နောက်မှ
ငါတို့ ဝိုင်းစဉ်းစားပေးမယ်လေဟာ။
လောလောဆယ် အရိပ်အမြွတ်လောက်
တော့ ငါတို့ကိုပြောပြပေါ့ ...နော့ ဟုတ်တယ်မလား "ပန်းချီရေးနေသော လက်ကလေးသည်
တုံ့ကနဲရပ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ဒိန်ချဉ်ဗူး ပိုင်ရှင်ဆီမှ
အဖော်စပ်သလို အမေးစကားအပြင်
လက်မောင်းကိုပါ ဖြန်းကနဲ အရိုက်ခံလိုက်သော
ကြောင့် ဖြစ်လေသည်။"ကဲ ဂျီဝန်း နင်ပြောလိုက် ၊မဟုတ်ရင်
ဒီငတိမက ညအိပ်ပျော်မှာ မဟုတ်ဘူး။
အဲ့တော့ ပြောသာပြလိုက်"ပရိတ်သက်၏တောင်းဆိုမူ့အား လက်မခံ၍
မဖြစ်တော့သည့် အခြေအနေရယ်မို့
မိန်းမငယ်သည်ဘေးဘီကို
မလုံမလဲ အကဲခတ်ရင်း"နင်တို့ ခေါင်းတွေ ရှေ့နည်းနည်းတိုး ဒါလူသိခံလို့မရတဲ့ကိစ္စ"
တိုင်ပင်စရာမလို။
ညှိနှိုင်းစရာမလို။
နှစ်ခါပြောနေစရာပင်မလို....
ခေါင်းနှစ်လုံးသည် ရှေ့ကိုပူးကပ်သွားလေတော့သည်။"Kim Pocky အဲ့လောက်နဲ့မရဘူး ရှေ့တိုးလိုက်ဦး"
တတိယ မြောက် မိန်းကလေးသည်ခဲတံကို လက်ကချ၍ သက်ပြင်းရှည်ကြီး
တစ်ချက်ကိုပါ တစ်ပါတည်းချလိုက်သည်။
ခေါင်းကိုလည်း ရှေ့ကို အနည်းငယ်ထပ်တိုးပေး၍"ကဲ ပြောတော်မူ"
မိန့်ခွန်းခြွေမည့်မိန်းကလေးက ကျန်မိန်းကလေး
နှစ်ဦးကိုခပ်တည်တည်ဝေ့ကြည့်ပြန်သည်။ပြီးနောက်
အကျေနပ်ကြီးကျေနပ်သည့် မျက်နှာထားဖြင့်"ငါကတော့ သူတို့ အဖွဲ့ထဲက တစ်ယောက်ယောက်လို့
ထင်တာပဲ "
YOU ARE READING
ဝိဉာဉ်ပစ်တဲ့မြှား
Fanfictionရင်ဘက်မှာ အပေါက်တစ်ပေါက်ရှိလေတယ်။ Park Jimin ဆိုတဲ့အမည်နာမ ဟာ ထိုနေရာ၌ ကိန်းအောင်းနေပါသတဲ့။