"ရုပ်ကိုက ငုံးဥ ကို အခွံခွာထားတဲ့ရုပ်နဲ့ကွာ"
မီနူးစာရွက်ကို တစ်ဖျက်ဖျက်လှန်လောနေသည့်
အသံသည်ပိုမိုကာကျယ်လာ၏။
ခပ်ငုံ့ငုံ့ဖြစ်နေသော ခေါင်းက ဘေးဘီကို
အရေးမစိုက်သလိုမျိူး.....။"မူကြိုကလေးရုပ်ကို အရာရှိပက်ခ်လို့ ခေါ်ရတဲ့
မင်းတို့ ဘဝတွေလည်း ခက်ခဲမှာပဲနော် "မင်ယွန်ဂီ၏အဖော်စပ်အမေးစကားသည် ဂျောင်ကုကို ရည်ညွန်းပြီး
ကော်ဖီကိုသာ မဲသောက်နေသောဂျောင်ကုခမျာ
ရယ်လည်းရယ်ချင်......ရယ်လည်းမရယ်ရဲ။" ဒီရုပ်နဲ့ ဘယ်လိုလုပ်ပြီးရဲ ဖြစ်လာသလဲ ဆိုတာ
ငါဖြင့် စဉ်းစားလို့တောင် မရဘူး၊
အမှန်ဆိုကလေးသရုပ်ဆောင်လုပ်ရမှာ "သူ့လိပ်ပြာ၏ အပေါ်နှုတ်ခမ်းသည် သိသိသာသာ
ထော်နေလေပြီ။မျက်မှောင်ကြုံ့ထားသည်ကို
မင်ယွန်ဂီကလည်း အသေအချာလိုက်ကြည့်သည်။
တစ်ခွန်းမှ ပြန်ခံ၍မပြောသေးသော်လည်း
လိပ်ပြာကလေး စိတ်တိုနေကြောင်းအားလုံးသိသည်။ထိုအချိန်၌ပင် ဆူဆူညံညံအသံတွေ
နားထဲတိုးဝင်လာ၏။
၇ယောက်စလုံး၏အာရုံတွေသည်
ဆိုင်ပေါက်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက်.....။နောက်လိုက်တပည့်တပန်းများနှင့်ခြွေရံလျက် လီဟန်ချောသည် သူ့လိပ်ပြာရှေ့သို့
တည့်တည့်မတ်မတ်လျှောက်လာသည်။"မနက်စာ လာစားတာလား ဂျီမင်"
သူ့လိပ်ပြာက ခန့်ခန့်ညားညားပြုံးသည်။သို့သော် စမ်းချောင်းကလေးမစီးဆင်းတော့။ပန်းတွေလည်းမပွင့်တော့။ချော်ရည်ပူတွေနှင့် အတို့ခံသလိုသူ့
တစ်ကိုယ်လုံး ဟုန်းဟုန်းတောက်နေ၏။"ဟုတ်တယ် Hyung ....ကျွန်တော်တောင် Hyung ဆီလာတော့မလို့
ပြောစရာ စကားလေးတွေလည်းရှိနေတာနဲ့လေ ""ဒါဆို ကိုယ်တို့ အေးဆေးအချိန်ယူပြီး
တွေ့ကြတာပေါ့""ဟုတ်ပါပြီ Hyung "
နှုတ်ဆက်စကားဆို၍ လီဟန်ချောထွက်သွားပြီးနောက်တွင် ဟန်မဆောင်နိုင်စွာဖြင့်
ထယ်က ဦးဆောင်စကားဆိုသည်။
YOU ARE READING
ဝိဉာဉ်ပစ်တဲ့မြှား
Fanfictionရင်ဘက်မှာ အပေါက်တစ်ပေါက်ရှိလေတယ်။ Park Jimin ဆိုတဲ့အမည်နာမ ဟာ ထိုနေရာ၌ ကိန်းအောင်းနေပါသတဲ့။