ပိတ်ရက်တွေသည်သဘာဝကျစွာနှင့်ခပ်သွက်သွက်ကုန်လွန်သွားတော့၏။
ဘယ်ရယ်ကြောင့်မသိ....ကျောင်းသားဘဝမှသည် ကျောင်းဆရာဖြစ်လာသည့်တိုင် တနင်္ဂနွေညတွေကိုမုန်းနေဆဲ၊မုန်းနေမြဲပင်....ဖြစ်သည်။နာရီကြည့်လိုက်တော့ မနက် ၅နာရီ။
ဂျိန်းကနဲ ...ဂျိန်းကနဲ အသံတို့က ဆူညံနေပြီး
မှန်ပြတင်းပေါက်တွင် လျှပ်စီးကြောင်းတို့ကို
မြင်နေရ၏။
မြစ်ထဲ၌လည်းလေထန်နေပြီနှင့်တူပါသည်။
ကုတင်ခေါင်းရင်းကို အမှီသဟဲပြုထထိုင်ကာ
ပြတင်းပေါက်ဆီခေါင်းတိုးကြည့်မိစဉ်၌
ထင်ထားသည့်အတိုင်း
လှိုင်းလုံးတွေသည် မြင့်တက်နေလေ၏။နွေဦး.......။ထို့အပြင်
လွန်လွန်ကျူးကျူး ရွာသွန်းနေသော မိုးစက်တွေ...။သူ့မျက်လုံးတွေပြာဝေသွားသည်။ထို့နောက်
ဝုန်းကနဲ ဆို ကုန်းထလိုက်သည်။
အခန်းတံခါးကိုဆွဲဖွင့်၍ တောင်အောင်သို့အလျင်စလိုပြေးဆင်းသွားမိသည့်ကိုယ့်ကိုယ်ကိုယ်နားမလည်ပေ။ကောင်းကင်တစ်ခုလုံး၌ တိမ်မည်းတွေသာနေရာယူထားပြီး မနက်ခင်းအလင်းရောင်တို့မရှိ။
ဓာတ်တိုင်မီးတို့၏ အလင်းရောင်တော့ရှိနေသည်။သူ့တစ်ယောက်တည်း ပြေးရင်းလွှားရင်းဖြင့်လူသူပြတ်လပ်သော
မြက်ရိုင်းပင်တွေ အနားသို့ ရောက်လာသည်။ရထားဘူတာမှ ရထားဥဩဆွဲသံကို
ကြားလိုက်ရသည်နှင့်
သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်သော
အခိုက်အတန့်သည်
တစ်ပြိုင်နက်တည်း.....တစ်ချိန်တည်း...စက္ကန့်မျှ
မလွဲ။ထိုစဉ်.....လူတစ်ယောက်။
ခိုင်ခိုင်မာမာပြောပြရမည်ဆိုလျှင်
ထီးဆောင်းထားသောလူတစ်ယောက်။ထိုထက်မက ခိုင်မာသွားသည်မှာ
အကြင်သူကား.......သူ့လိပ်ပြာ။မြက်ရိုင်းပင်တွေကို ကျောခိုင်းထားပြီး
ဒေါသတကြီးပေါက်ကွဲဆူညံနေသော
လှိုင်းလုံးများကို ခပ်ပြုံးပြုံးငေးကြည့်နေလေသည်။သူ့မျက်နှာပေါ် တရစပ်ကျဆင်းနေသည့်မိုးရေများကို လက်ဖြင့်သပ်ချ၍
ရှေ့သို့တစ်လှမ်းချင်းတိုးသွားမိသည်။
YOU ARE READING
ဝိဉာဉ်ပစ်တဲ့မြှား
Fanfictionရင်ဘက်မှာ အပေါက်တစ်ပေါက်ရှိလေတယ်။ Park Jimin ဆိုတဲ့အမည်နာမ ဟာ ထိုနေရာ၌ ကိန်းအောင်းနေပါသတဲ့။