ညနေကျောင်းဆင်းသည့်အချိန်... ကျောင်းတံခါးဝ၌
လိပ်ပြာလေးတစ်ကောင်ဟာ လမ်းဘေးအုတ်ခုံတွင်
ငုတ်တုတ်လေးထိုင်လျက်သား။
ကျောင်းသားအုပ်လိုက်ကြီး မျက်စိအောက်က
တဖြေးဖြေးပျောက်သွားလေလေ....သူ့လိပ်ပြာလေးဟာလည်းရုပ်လုံးပေါ်လာလေလေ။
အပြာရောင် ဘောင်းဘီတိုအောက်က ခြေထောက်
တွေကို တဒင်္ဂငေးမိရင်းမှ
ယူနီဖောင်းမဝတ်ထားသောအခါတွေ၌ ယခုကဲ့
သို့ ဒူးအောက်ကျသည့်ဘောင်းဘီတွေ ဝတ်လေ့ရှိသည်ကို သတိထားမိ၏။"Jin Hyung"
သူ့ကိုတွေ့တော့ အနားသို့ ခပ်ဖြေးဖြေးလျှောက်လာ၏။မနေ့ညက ကြောက်သည် ဟုဆိုကာထွက်ပြေးခဲ့သည်မှာလည်း ထိုလိပ်ပြာပင် မဟုတ်ပါလား။မည်သည့်အတွက်ကြောင့်အခုကျမှ......။
"ဘာကိစ္စရှိလို့လဲ ဂျီမင် "
အမှန်တကယ်သိလိုစိတ်ကြောင့်ပင်မေးခွန်းထုတ်မိသည်။
သူ့လိပ်ပြာက ကျောင်းအထိလိုက်လာရအောင်
ဘယ်လိုအရေးကိစ္စတွေများရှိနေပါသလဲ။"ထွေထွေထူးထူးတော့ မရှိပါဘူး။ဒီအတိုင်း"
ဂုတ်ပိုးကိုလက်ဖြင့်ခပ်ဖြေးဖြေးပွတ်ကာ
ဖြေနေသောပုံစံကြောင့် ဆက်မမေးချင်တော့ပါ။
လိပ်ပြာလေးသည် သူ့အမေးကိုဖြေရခက်နေသလား။"အင်းပါ ကိုယ်ပြန်တော့မလို့ ဂျီမင်ရော"
"ဟုတ် ပြန်မယ်လေ ကျွန်တော့်ကို အိတ်ပေးပါလား"
စိတ်ကလေးကျေနပ်စေရန်အလို့ငှာ ခေါင်းငြိမ့်ပြလိုက်သည်။အိတ်ကိုင်ပေးရသည့်အဖိုးအခအနေနှင့်တော့ အအေးဝယ်တိုက်မည်ဟုဆုံးဖြတ်ထား၏။
ကျောင်းဆင်းလမ်းတောက်လျောက် မြစ်ပြင်ဆီကလာသော လေနွေးနွေးတွေ၏ အထိအတွေ့ကိုရနေသည်။
အပူချိန်ဟာညနေ၄နာရီအထိမကျဆင်းသေးပေ။"မိုးရွာရင် ကောင်းမယ်နော်"
အလိုဆန္ဒသဘောဆောင်သည့်အဖော်စပ်စကားကို
ပြုံးရုံသာပြုံးမိသည်။
အရင်နေ့ကမှ မိုးရွာထားပြီးသားကို ထပ်လောင်းကာရွာစေချင်သည်တဲ့လေ။"ကျွန်တော် ငယ်ငယ်က ကင် နဲ့အတူတူအခုလို
မျိုး ကျောင်းဆင်းဖူးတယ် မှတ်မိလားတော့မသိဘူး"
YOU ARE READING
ဝိဉာဉ်ပစ်တဲ့မြှား
Fanfictionရင်ဘက်မှာ အပေါက်တစ်ပေါက်ရှိလေတယ်။ Park Jimin ဆိုတဲ့အမည်နာမ ဟာ ထိုနေရာ၌ ကိန်းအောင်းနေပါသတဲ့။