[ ကပ္ပတိန်အီသန်လီ၏ဒိုင်ယာရီ - စာမျက်နှာနံပါတ်တစ် ]12th July, 1933
'နယူးယောက်မြို့ကိုရောက်တဲ့ ပထမဆုံးနေ့မှာတင် ဘေးအိမ်က ထူးဆန်းတဲ့ကလေးတစ်ယောက်ကျေးဇူးနဲ့ ၁၉၀၀ပြည့်နှစ်တွေရဲ့ ညတစ်ညမှာ ထူးဆန်းစွာပဲ ကမ္ဘာပေါ်မှာ လနှစ်စင်းသာကြောင်းသိခဲ့ရတယ်.... ကောင်းကင်ယံမှာသာတဲ့လရယ် ၊ ကမ္ဘာမြေပြင်ပေါ်မှာသာတဲ့လရယ်ဆိုပြီး လဟာနှစ်စင်းရှိခဲ့ဖူးတယ်'
-
-
-စားပွဲပေါ်ရှိ စက္ကူလေယာဉ်ပျံလေးနှစ်စင်းမှာ လေအဝှေ့၌ ကြမ်းပြင်ပေါ်သို့ လွှင့်ပျံကျ၍ မပိတ်ထားသောပြတင်းဝမှ အဖြူရောင်လိုက်ကာစသည်လည်း လေနှင့်အတူ မြောပါလျက်ရှိသည်။
မဟော်ဂနီရောင်ကုတင်ထက်ရှိ အဖြူရောင်မွေ့ယာပေါ်၌ ကုတင်အားကန်လန့်ဖြတ်၍ ပက်လက်လဲနေသူမှာ ခြေထောက်နှစ်ချောင်းကိုလည်း ကုတင်အောက်သို့တွဲလောင်းချထားသေးသည်။
"မစ္စစ်မာဂရစ်မီရှဲလ်ရဲ့ Gone with the wind ကိုဖတ်ပြီးပြီလား ရှင်းမ်"
ရှင်းမ်မှာ ကုတင်ခေါင်းရင်းရှိ ခေါင်းအုံးများကိုမှီလျက် ကုတင်ပေါ်၌ခြေဆင်းထိုင်နေခဲ့ရာမှ သူ့ပေါင်ပေါ်၌အိပ်လျက် စာဖတ်နေသူအားငုံ့ကြည့်ကာ
"စာအုပ်ကိုငါ့နှစ်ဝမ်းကွဲငှါးသွားပြီး အခုထိပြန်မပေးသေးဘူး"
"ဒါဆို မင်းမဖတ်ရသေးဘူးပေါ့"
"အင်း...အဲ့လိုပဲပေါ့"
"စာအုပ်ပြန်ရရင်တော့ဖတ်နော်။ ငါမင်းကိုဖတ်ခိုင်းနေတာ ကြာလှပြီ"
"စာအုပ်ပြန်ရရင်တောင်ဖတ်လို့ရပါ့မလားဘဲ။ သဘက်ခါကစပြီး ငါ့အန်ကယ်နဲ့အတူ ဘေ့စ်ဘောဆော့တာလိုက်ရမှာ..."
ထိုအခါဘန်မှာ ပက်လက်ပြန်လျက် စာဖတ်နေရာမှ လက်ထဲမှစာအုပ်ကိုရင်ဘတ်ပေါ်တင်လိုက်ပြီး ရှင်းမ်အားမော့ကြည့်လိုက်သည်။ မျက်မှန်ကိုင်းတို့အောင် ဘန့်မျက်နှာသည်ကား စူးစမ်းနေသလို....
"ဘေ့စ်ဘော? မင်းစိတ်ဝင်စားလို့လား"
"ဘယ်ကလာ...ဘေ့စ်ဘောကစားနည်းက အမေရိကန်ဆန်လို့ သဘောမကျဘူး။ ပြီးတော့ ကစားနည်းပျော့တယ်။ ငါတို့ဗြိတိန်သားတွေနဲ့မကိုက်ဘူး"
YOU ARE READING
𝐓𝐡𝐞 𝐍𝐢𝐠𝐡𝐭 𝐖𝐞 𝐌𝐞𝐭 : 𝐇𝐄𝐄𝐇𝐎𝐎𝐍
FanfictionWe met, we loved and we vowed that only death can do us apart. - the whole fic is just an imagination - [ Written in Burmese ]